Health Care

တစ်ညတည်းနဲ့ ငယ်ရွယ်နုပျို မှုတွေ ရရှိစေဖို့ အိပ်ယာမဝင်ခင် လုပ်သင့်တဲ့အချက်..

ညအိပ်ယာမဝင်ခင် အသားအရေ ထိန်းသိမ်းတဲ့အဆင့်တွေကို သိကောင်းသိနေပြီ ဖြစ်ပေမယ့် သတိမထားမိတဲ့ အချက်တွေလည်း ရှိနေမှာပါ။

ငယ်ရွယ်နုပျိုတဲ့အသွင်ကို ရရှိချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ အသားအရေကိုပထမဆုံးအနေနဲ့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

ညအိပ်ယာမဝင်ခင် အသားအရေ ထိန်းသိမ်းတဲ့အဆင့်တွေကို သိကောင်းသိနေပြီ ဖြစ်ပေမယ့် သတိမထားမိတဲ့ အချက်တွေလည်း ရှိနေမှာပါ။

ဒီတော့ တစ်ညတည်းနဲ့ ငယ်ရွယ်နုပျိုမှုတွေကို ဘယ် လိုပြန်လည်ရယူမလဲဆိုတာ ဖတ်ကြည့်ပေးပါဦး။

Double cleansing လုပ်ဖို့ပြောရင် လွယ်လွယ်ကူကူနားလည်ပေမယ့် ကိုယ့်မျက်နှာကို နှစ်ခါတိုင်တိုင် သန့်စင်ထားတာထက် ပိုပြီးတိကျသေချာတဲ့ အချက်လေးတော့ရှိပါတယ်။

double cleansing လုပ်ခြင်းရဲ့ အဓိကအချက်မှာ မျက်နှာအတွက် မတူညီတဲ့ cleansers နှစ်မျိုးသုံးပြီးတော့ တစ်မျိုးက oil-based ဖြစ်ပြီး နောက်တစ်မျိုးက water-based ဖြစ်ပါတယ်။

မလိုအပ်ဘူးထင်ရပေမယ့် ကိုယ်ကနေ့တိုင်း မိတ်ကပ်လိမ်းနေတဲ့သူုဆိုရင်တော့ အကုအညီရပါတယ် Double cleansing က

မိတ်ကပ်တွေအကုန်လုံးကို ‌သေချာဖျက်ပေးပြီး ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိစေရန် ထောက်ပံ့ပေးပါတယ်

အရေပြားနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ဦးဖြစ်သူ Dendy Engelman က မိတ်ကပ်မဖျက်ဘဲအိပ်စက်ခြင်းဟာ အသားအရေကို ပြန်လည်ထိန်းသိမ်းပေးတာတွေ လျော့နည်းစေသလို ၊

အသားအရေကို ကြမ်းတမ်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရေိာခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသားအရေကို ဆိုးဆိုးရွားရွား ပျက်စီးစေပါတယ်။

oil-based cleanser ဆိုရင် တစ်နေ့တာလုံး မျက် နှာပြင်ပေါ်ရှိ အညစ်အကြေးတွေ ၊ အရေပြားပေါ်ကဆဲလ်အသေတွေ ၊ ဘက်တီးရီးယားတွေကိုဖယ်ရှားပေးပါတယ်။

ပြီးမှ အသားအရေကို ပိုမိုသန့်စင်စေတဲ့ water-based cleanser နဲ့ နောက်တစ်ခေါက် မျက်နှာတပ်သစ်ခြင်းဖြင့် သန့်စင်ကြည်လင်တဲ့ အသား ရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Credit