တနင်္လာ သားသမီးများသည် ဧပြီလတွင်သားသမီးများ အပိုင်း ကောင်းကျိုးခံစားရပြိး လက်ဝက်ကျော်ပြိးလျှင် အကောင်းအဆိုး ဒွန်းစဏ္ဍား ဒွန်တွဲနေသော်လည်း မိမိတို၏ ကံ၊ဥာဏ်၊ဝိရိယ အားဖြင့် နည်းလမ်းမှန်ကန်စွာလုပ်ဆောင် သွားမယ် ဆိုလျှင် မိမိတို့၏ လုပ်ငန်း စီးပွားရေး အောင်မြင် ဖြစ်ထွန်း
၍ ရရှိနိုင်လိမ့်မည်။
ပိုင်ဆိုင် ရရှိ နေသော ဝင်ငွေများကို စည်းကမ်းမဲ့မသုံးစွဲသင့်၍ အလောင်းကစား ကို တစ်ချီးပွားရှာထားမျိူး အထူး ရှောင့်သင့်၏ဒုတ်၊ဓား၊လက်နက် သဘာဝဘေးအန္တရယ်များ တွေ့ကြုံရတတ်ခြင်းကြောင့် အထူးဂရုစိုက်ပေးပါ။ပွဲလမ်းဘဘင်နှင့်လူနေထူထပ်သောနေရာများတွင် သွားလာခြင်း သတိထားရမည်ဖြစ်သည်။
ဘာသာရေးနှင့်လူမှုရေး၊ အဖွဲ့အစည်းသက်ဆိုင်သူ တနင်္လာ ဖွားအပေါင်းတို့သည်လည်း မိမိသြဇာအာဏာလွှမ်းမိုးနိုင်ရန်အဖက်ဖက်မှရုန်းကန်လှုပ်ရှားရန်ကြိုတင် အသိပေးအပ်သည်။
“(၅)ဂဏန်း နှင့် (၈)ဂဏန်း” ရက် မွေးဖွားသူများ ဗုဒ္ဓဟူး သားသမီးနှင့် “ယ,လ,ဝ”နာမ်-နာမည်ပါသူများနဲ့ အလုပ်တူပူပေါင်ဆောင်ရွက်ခြင်း၊ ခရီးတူ သွားခြင်း၊ မိမိလုပ်ငန်းခွင့် ရှိ အထူးသတိထားရှောင့်သင့်၏အပြိုင်အဆိုင်ကြားမှ ကိုယ်ပိုင်းအစွမ်းအစဖြင့် ရင်ဆိုင် ကျော်ဖြတ်နိုင်၍ အစုစပ်ရှယ်ယာများမှ အကျိုး အမြတ်ရရှိမည်။
စက်၊ စက်ပစ္စည်းရောင်းဝယ်၊ အလှကုန်ပစ္စည်းရောင်းဝယ်ခြင်းတို့,ရေ၊ အချိုရည်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများတို့မှ အကျိုးအမြတ်ရရှိမည်။ဧပြီလ “၁”ရက်နေ့ မှ “”ရက် နှင့် {၁၆} “ဂဠန်း – ချမ်းသားအံ” အကျိူးရလဒ်များ ကတော့…စီးပွားရေး အလုပ်အကိုင်များ ပွင့်လမ်းပါမည်။
ဝင်ငွေအထူးကောင်း၍ လုပ်ငန်းတိုးချဲ့ ရတတ်၏။ဘုရားဖူးခရီးသွားလာခြင်းများရှိသည်။ပေါ်ပေါက်လာသောအခွင့်အရေးကို လက်တွေ့အသုံးချ၍ ငွေကြေးဓနဥစ္စာများ ဖြစ်ထွန်းလာနိုင်၏။ဘုရားဖူးခရီးများသွားလာရကိန်းရှိသည်။ပရဟိတလုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက်ပေးရခြင်းများရှိမည်။လူမျိုးကွဲ၊လူမျိုးခြားအကျိုးပေးမည်။
ပတ်ဝန်းကျင် အသစ် နေရာအသစ် ပြောင်းရွှေ့ရခြင်း၊ အိုးအိမ် အသစ်တွေ ရရှိတက်ပါတယ်။အကျိုးရှိသော ခရီးဝေး (သို့)ပြည်ပခရီးအောင်မြင်မည်။အစုစပ်လုပ်ငန်း၊စတော့ရှယ်ယာတို့မှ အကျိုးအမြတ်များစွာ ရရှိ၍ မိတ်ဟောင်း၊ မိတ်သစ်များနှင့်ပြန်လည်တွေ့ ရတတ်သည်။
“(၅)ဂဏန်း နှင့် (၈)ဂဏန်း”ပါသော ယာဥ် မဝင်သင့်၊ဝယ်သင့်ပါ။ရွေ စုဆောင်းခြင်း၊ဝယ်ယူခြင်း ၊ ရွေ၊လည်း၊ဝက်၊လူ အဝယ်ရှောင့်သင့်၏။ခိုက်တတ်၍ အိမ်တွင်းအပူသောက,သူခိုး လုယှက်ခံရမှု, အိမ်ဖောက်ထွင်းခံရခြင်း ဘေးကြုံတွေ့ရတတ်၏။
အချစ်ရေးနှင့်အိမ်ထောင်ရေး…မောင်နှမသားချင်းအတွက် ဝမ်းသာစရာသတင်းကြားရမည်။အိမ်တွင်းရေးရာ တစ်ဦးနှင့်တစ်ဦး နားလည်မှုမလွဲရန်အရေး ကြီး၍ ဒါဆို သင့်အိမ်တွင်းရေး၊ အိမ်ထောင်ရေး သာယာအံ့။ချစ်မှုရေးရာကိစ္စများတွင် စန်းပွင့်၍ နှလုံးသားချင်းပေါင်းစည်းနိုင်မည့် စစ်မှန်သောဖူးစာရှင်နှင့်ဆုံဆည်းရမည်။နောက်ပြိး အချစ်ရေးကို မိမိဘဝ အပျိူ ပေးဆပ်တာမျိူး အချစ်ရေးဦးစားမပေးသင့်၊ အချစ်အတွက်ပေးဆပ်နေရသောသူဖြစ်နေတတ် သည်။
ပညာရေး…ပညာရေး ရပ်တည်နေထိုင်လိုင်ကိုင်နေသူများတစိုက်တမက်ကြိုးစားခြင်းဖြင့် မိမိတို့၏အောင်မြင်မှုကို မလွဲမသွေ ထူးချွန်အောင်မြင်သူများဖြစ်လာပါလိမ့်မည်။ကျန်းမာရေးအားနည်းမှုကြောင့် မိမိပညာရေးတွင် အားနည်းသွားတတ်,အနှောက်အယှက်အနည်းငယ်ရှိနိုင်သည်။
ဧပြီလ “၁၇”ရက်နေ့ မှ လကုန်အထိ {ဝက် – ဘေးသင့်အံ၊ ဆင် – သေကြေးအံ့} အကျိူးပြစ်ကတော့…မိတ်ဆွေအသစ်များနှင့် ကြုံတွေ့ရပြီး ၎င်းတို့နှင့်ပတ်သက်၍ သိက္ခာကျဖွယ်ရာများ ကြုံတွေ့ရမည်။သူတစ်ပါးကြောင့် ဖြစ်သောပြဿနာများကို ဝင်ရောက်ဖြေရှင်းပေးရ၍ မိမိစိတ်ကောင်း စေတနာတွေ့ က ဝေဒနာဖြစ်တတ်သည်။
ကိုယ်ကျွေးမွေး ကိုယ်မွေးတဲ့ မျောက် ကိုယ်ပြန်ခြောက် ပြန်တော်လှန်ခြင်းခံရမည်။လူ့ပယောဂ နတ်ပယောဂ မကင်းတတ်ပေ။တပည့်လက်အောက်ငယ်သာများနှင့် တစ်ပါးသူများကို အကြွင်းမဲ့ယုံကြည်မှုများရှောင်ရမည့။ပြဿနာ အဟောင်းများပြန်လည်ဖြေရှင်းရကိန်းကြုံမည့။အိမ်မှ ဗုဒ္ဓဟူးသားသမီး ရှိ ကလေးငယ်နှင့် အသက်ကြီးရွယ်များ ကျန်းမာရေး ဂရုစိုက်ပါ။
တနင်္လာသားသမီးများ “(၅)ဂဏန်း နှင့် (၈)ဂဏန်း” *ရက် မွေးဖွားသူများ ကံကြမ္မာ ဇာတာ အလွန်အမှောင်ကျ အခက်အခဲမျိူးဆုံ၊ သောကအပူများကြုံတွေ့ရတတ်သည်။ဤရက်မွေးဖွားသူများ (၅)ဂဏန်း ၅,၁၄,၂၃ရက် နှင့် (၈)ဂဏန်း” ၈,၁၇,၂၆ *ရက် #” အကျိူးပြစ်ကတော့…ကျန်းမာရေးနှင့်ပတ်သက်ပြီး အထူးသတိထားရမည်။
ငွေကြေးစီမံခန့်ခွဲမှုအားနည်းချက်ကြောင့် လုပ်ငန်းမှ အကျိုးအမြတ်များကို တိကျစွာဖော်ပြရန်မလွယ်ကူနိုင်ပြီး မိမိလုပ်ငန်း မိမိကိုယ်ကျင့်တရားမရှိပါက ဘဝအတွက်နလံထူနိုင်မည်မဟုတ်တော့ပါ။မိမိနှင့်တကွ အလုံးစုံ ပျက်စီးခြင်းသို့ ဆိုက်ရောက်တတ်သည်။ပညာရေး လူမှုရေးကိစ္စများဝင်လာပြိး နှောင့်နှေးမှုများ ဖြစ်တတ်သည်။
လူငယ်လူရွယ်များအတွက် အခြားသောအားရုံများကိုချေဖျက်သင့်။စာဖြေစာမေးပွဲ၊အင်တာဗျူ၊အလုပ်သစ်လျှောက်ခြင်း ကျန့်ကြာနေမယ်။လုပ်ငန်းကိစ္စအလုံးစုံအစကောင်းသလောက် ၊ အဆုံးသတ်ရာတွင် နှောင်နှေးနေတတ်သည်။ကတိပျက်သောသူများနှင့်ကြုံတွေ့ ရတတ်သည်။ပျိူရွယ်သူများ အချစ်ရေးတွင် အထင်လွှဲခံရခြင်း၊စွပ်စွဲခံရခြင်းကြုံရတတ်သည်။
အိမ်ထောင်ရှင်များ ရံဖန်ရံက စကားများငြင်းဆိုမှုများပတ်ဝန်းကျင်ကြောင့် ပြဿနာပေါ်လာတတ်သလို့တစ်ခုလပ်၊ မုဆိုးမ မလွတ်သူများနှင့် ဆုံရတတ်၍ အိမ်ထောင်ရေ ကွဲကိန်းခြင်းများ ဖြစ်လာနိုင်သည်မို့ အထူးဂရုပြုပါ။လူယုံလွယ်မှုကို သတိဆင်ခြင်သင့်၏။ဤအသက်ပိုင်းခြားတွေ့က ၁၄၊၂၃၊၃၂၊၄၁၊၅၀၊၆၈၊၇၇ ထိုနှစ် ပိုင်းတွေ့က ..ညံနေအံ။
အရှေ့အရပ် ဒေါင့်ဖြစ်သော “တနင်္လာ” ဒေါင့် သို့ ခရီးမသွားရ။ မကောင်းဆုံးဝါ ဖမ်းစားတတ်သောကြောင့် ချူချူချာချာ ဝေဒနာ များတတ်၏။ရောင်းဝယ်ဖောက်ခြင်းများ သွားမိလျှင် အကျိူးမပေး ။ခရီးမသွားသင့်သော ရက် ၁၇ ၂၃၊ ၃ဝ ထိုရက် ရှောင့်သင့်၏မသွားမဖြစ်သွားရလျှင် ခရီးသွားအန္တရာယ်ကင်းဂါထာတော်ကို (၇)ခေါက်အဓိဌာန်ရွတ်ပွားပြီးခရီးသွားပါ”
မိမိသွားလိုသောခရီး အောင်မြင်ရန်အတွက် အောက်ပါဂါထာကို (၇)ခေါက် ရွတ်ပွားပြီးသွားပါက ဘေးရန်ကင်းစွာဖြင့် လိုရာခရီးကို အောင်မြင်ပါလိမ့်မည်။
???? “ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ ပဋိက္ကမန္တု၊ ဘူတာနိ သောဟံ နမော၊ ဘဂဝတော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ”????
ကျန်းမာရေး…ဆီး,ကျောက်တည်၊ ကျောက်ကပ်၊ တုတ်ကွေး ဝေဒနာ ဖြစ်ပွားခံစားရတတ်သည်။ကလေးငယ်နှင့် အသက်ကြီးရွယ်များ ကျန်းမာရေး ဂရုစိုက်ပါ။
အထူးအဟော….မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် ဗုဒ္ဓဟူး သားသမီးများဖြင့်ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးပါ။အထင်ကရဦးဆောင်ပုဂ္ဂိုလ်များ ဘေးဥပါဒ်သင့်မည်။၁၃၈၄-ခု နှောင်းတန်ခူးလဆန်း(၁၄)ရက်နံနက်(၈း၈)နာရီအတွင်း ရှင်ပြု၊နားသ၊ ပဉ္စင်းခံ၊ စေ့စပ်၊ လက်ထပ်၊ မိတ်ဆွေသစ်ဖွဲ့၊ကုမ္ပဏီထူထောင်ခြင်း၊ဆိုင်းဘုတ်တင်ခြင်း အလုပ်သစ်လျှောက်ခြင်း၊ဆေးဖော်၊ဆေးခန်းဖွင့်၊စာပေကိရိယာဖြန့်ချိခြင်း၊လက်မှတ်ရေးထိုးခြင်း စာတမ်းဖတ်ခြင်း၊ခရီးသွားလာခြင်းကောင်း၏။
၁၃၈၄-ခု နှောင်းတန်ခူးလဆုတ်(၆)ရက်နံနက်(၉း၂၂)နာရီလွန်ဘုရားအနေကဇာတင်၊ဆိုင်းဘုတ်လုပ်ငန်းလုပ်ခြင်း ဆည်၊မြောင်း၊တံတားပြုပြင်ခြင်း၊ပန္နက်ရိုက်၊ကျင်းတူး၊တိုင်ထူ၊လက်မှတ်ရေးထိုးခြင်း၊အသင်းဖွဲ့စည်းခြင်း ရတနာစူးစမ်းရှာဖွေခြင်း၊ အချစ်ရေးစကားပြောဆိုခြင်း ကောင်း၏။
၁၃၈၅-ခု ဦးတန်ခူးလဆုတ်(၁၃)ရက်ဘုရားအနေကဇာတင်ခြင်း၊ထီးတင်,ဘုရားကျောင်းရေစက်ချ၊အိမ်သစ်တက်၊တိရိစ္ဆာန်ဘေးမဲ့လွတ်ခြင်း၊စေတီ သန့်ရှင်ရေးလုပ်ခြင်း၊ သင်္ကန်းကပ်လှူခြင်း၊လူမှုရေးနှင့်ဘာသာရေးစကားပြောဆိုခြင်းကောင်း၏။
(နှစ်ဆန်းတစ်ရက်နေ့)ဆောင်ရွက်စရာကိစ္စ ↔ ယခုလတွင်ခရီးသွားခြင်းနှင့် လုပ်ငန်း ကိစ္စအဆင်ပြေရန်အတွက် မေမြို့ပန်း၊ပိန်းပန်း၊ ဇွန့်ညွှန့်(၃)ညွှန့်ကို ဘုရားပူဇော်ပြီးသွားပါ။ကံကောင်စေသောအရောင် – ကြက်သွေးရောင်၊အညိုရောင်၊ပန်ရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ် အသုံးပြုနိုင်သည်။
အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ – {ပ,က,အ,သ}(၂-၅-၁-၆)အကျိုးပေးသော အရပ် ???? အနောက်အရပ် ရတနာစူးစမ်းရှာဖွေခြင်း၊စာပေကိရိယာဖြန့်ချိခြင်း၊ အချစ်ရေးစကားပြောဆိုခြင်း၊ လူမှုရေးနှင့်ဘာသာရေးစကားပြောဆိုခြင်းကောင်း၏။
ယတြာ ↔ အိမ်ဘုရားမှ ထမင်းဆီစမ်း ၊ကန်ဇွန်းညွန်ကြော် ဆွမ်းကပ်ပါ။မရှိဆင်းရဲသူများကို အဟာရ၊အဝတ်အထည်၊ တိရိစ္ဆာန်များဘေးမဲ့လွတ်ခြင်း၊ဖျော်ရည်လှူဒါန်းခြင်း၊စေတီပုထိုးသန့်ရှင်းရေးပြုလုပ်ခြင်း၊ ဒါနပြုပါ။ကျန်းမာရေးအတွက် သံဃာတော်အား နဝကမ္မဝတ္ထုပစ္စည်းများကပ်လှူပေးပါ။
မကောင်းမူ့များရှောင်ပြီး ကောင်းမူ့ကုသိုလ် များများလုပ်ပါ။
ရတနာသုံးပါး နှင့် မိဘ ဆရာ တို့ကို ဦးထိပ်ထားပါ။ဘာသာရေး ဘုရားတရားများများ လုပ်ပါ။အဓိဌာန် ဝင်ခြင်း တရားစခန်းဝင်ခြင်းများပြုလုပ်ပါ။
ဆရာကြီးမင်းသူရ (ဗေဒင်နှင့်လက္ခဏာ အထူးယတြာ)မန္တလေးမြို့။