ဆုံးၿပီလို႔ ထင္ထားတဲ့အေႂကြးကိုေတာင္ ျမန္ျမန္ျပန္ရေစတဲ့ အေႂကြးေတာင္းနည္း..
အေႂကြးျမန္ျမန္ျပန္ရေအာင္ ၾကက္ဥေလးနဲ႔ အေႂကြးဒီလိုေတာင္းပါ
ၾကက္ဥေလးနဲ႔ေႂကြးေတာင္းမယ္
အေႂကြးျမန္ျမန္ျပန္ရေစမည့္ ထိေရာက္ေစေသာနည္း ၾကက္ဥတစ္လုံးေပၚတြင္ ခဲတံျဖင့္ အေႂကြးလို႔ေရးပါ။
ထိုၾကက္ဥေထာင္မတ္ေစရန္ တစ္ခုခုေပၚတင္ပါ။ ထိုၾကက္ဥေပၚဖေယာင္းတိုင္ တစ္တိုင္မီးထြန္းၿပီးလွ်င္
××××ဆီမွ အေႂကြးေငြ ××××က်ပ္အျမန္ျပန္ရပါေစဟု …. ေလးေလးနက္နက္…ဆုေတာင္းေပးပါ။
အေႂကြးမ်ားလ်င္ ၊အေတာင္းရခက္ေသာသူျဖစ္လ်င္ ေန႔စဥ္ရက္ဆက္ ၾကက္ဥေပၚမီးထြန္းၿပီး ဆုေတာင္းေပးပါ။
ေဗဒင္ယၾတာမ်ားကို ဖတ္ရႈ႕ေလ့လာၾကသူမ်ားလည္း
သင္ဆရာ ျမင္ဆရာ ၾကားဆရာမ်ား အားလုံးကို… အစဥ္ဦးၫႊတ္ကန္ေတာ့လ်က္…
ဆရာမဇာဇာ 09762011321
အေႂကြးႏြံထဲက ျမန္ျမန္ ႐ုန္းထြက္ေစႏိုင္မယ့္ နည္းလမ္း (၇) သြယ္
အေႂကြးတင္ေနတဲ့အေျခအေနမ်ိဳးဆိုတာ ေတာ္ေတ္ာေလး စိတ္ညစ္စရာေကာင္းပါတယ္။
အေႂကြးတင္သြားရင္ ကိုယ့္ရဲ႕ဝင္ေငြကို ေသေသခ်ာခ်ာေကာင္းေကာင္းစီမံခန႔္ခြဲၿပီး စည္းကမ္းရွိရွိသုံးစြဲရင္းနဲ႔ ျပန္ဆပ္ႏိုင္ပါတယ္။
တစ္ခါတစ္ေလ တစ္စုံတစ္ခုကို စြန႔္လႊတ္လိုက္ရတာမ်ိဳးေတာင္ ရွိတတ္ပါတယ္။
အေႂကြးျပန္ျပန္ဆပ္ေနရတာနဲ႔ တင္ လိုခ်င္တာ မဝယ္ရ၊ စားခ်င္တာ မစားရ၊ သြားခ်င္တာ မသြားရ ျဖစ္လာပါတယ္။
အေႂကြးျပန္ဆပ္တယ္ဆိုတာ ကိုယ့္အသုံးစရိတ္အစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္တဲ့အတြက္ အေႂကြးျပန္ဆပ္ဖို႔ ေငြေၾကးစီမံတဲ့
အခါ ေငြေၾကးစီမံနည္း အဆင့္ (၅) ဆင့္ ကို အသုံးျပဳႏိုင္ပါတယ္။
ေငြေၾကးဆိုင္ရာ အထိန္းအကြပ္ျပန္လည္ ရရွိဖို႔အတြက္ လုပ္ေဆာင္ႏိုင္တဲ့ နည္းလမ္းတစ္ခ်ိဳ႕ကိုလည္း ေဖာ္ျပေပးထားပါတယ္။
၁။ အေႂကြးေတြအမ်ားႀကီးထဲက တစ္ခုကို အျပည့္ျပန္ဆပ္ပါ။
အေႂကြးေတြ တစ္ခုထက္ ပိုၿပီး ရွိတယ္ဆိုရင္ အဲဒီအထဲကတစ္ခုကို အျပည့္ အရင္ဆပ္ပါ။
ဒီနည္းက ေငြနည္းနည္းပိုစုမိေစပါလိမ့္မယ္။ တျခားက်န္ေနေသးတဲ့ အေႂကြးေတြရဲ႕ အတိုးနဲ႔ ျပစ္ဒဏ္ေၾကးေတြကိုလည္း ေပးေတာ့ ေပးေနရပါလိမ့္မယ္။
ဒါေပမယ့္ အေႂကြးတစ္ခုကို လုံးဝအျပည့္ဆပ္ၿပီးၿပီ ျဖစ္တဲ့အတြက္ အတိုးနဲ႔ ဒဏ္ေၾကးေတြ ေလ်ာ့သြားမွာျဖစ္လို႔ ေရရွည္မွာလည္း သက္သာၿပီး စီမံခန႔္ခြဲရတာလည္း အဆင္ေျပေစပါတယ္။
၂။ အတိုးအမ်ားဆုံးအေႂကြးကို အရင္ဆပ္ပါ။
တင္ေနတဲ့ အေႂကြးအားလုံးမွာ အတိုးေတြနဲ႔ အနည္းဆုံးျပန္ဆပ္ေငြေတြကို ေပးရတယ္ဆိုရင္ေတာ့ က်န္တဲ့ေငြေတြနဲ႔ ေၾကးအႀကီးဆုံး (အတိုးအမ်ားဆုံး) အေႂကြးကို အရင္ဆုံးဆပ္ပါ။ ဒီနည္းနဲ႔ အတိုးေတြကို ေလွ်ာ့ခ်ႏိုင္ပါတယ္။
၃။ ပိုင္ဆိုင္ပစၥည္းအခ်ိဳ႕ကို ေရာင္းခ်ပါ။
ပိုက္ဆံျပန္ရမယ့္ ေရာင္းလို႔ရတဲ့ ပစၥည္းမ်ိဳးရွိရင္ ေရာင္းလိုက္ပါ။
ပိုက္ဆံနည္းနည္းဘဲ ျပန္ရမယ္ဆိုရင္ေတာင္ ဒါက အေႂကြးေတြထဲကေန အျမန္႐ုန္းထြက္ႏိုင္ဖို႔အတြက္ အကူအညီျဖစ္ပါတယ္။
ဒီလိုေရာင္းခ်ၿပီး ျပန္ဆပ္လိုက္တဲ့အတြက္ အတိုးေတြကို အမ်ားႀကီး ျပန္ဆပ္စရာ မလိုေတာ့ဘဲ လိုအပ္တဲ့အရာေတြအတြက္ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။
၄။ မိသားစု သို႔မဟုတ္ သူငယ္ခ်င္းမ်ားထံမွ ေငြေခ်းပါ။
အေႂကြးေတြအရမ္းမ်ားေနၿပီဆိုရင္ေတာ့ သူငယ္ခ်င္း၊ မိသားစုဝင္ေတြဆီက ေငြေခ်းဖို႔ စဥ္းစားရပါေတာ့မယ္။
သူငယ္ခ်င္း မိသားစုေတြ ျဖစ္တဲ့အတြက္ အတိုးႏႈန္း နည္းနည္းနဲ႔ ေခ်းေပးေကာင္း ေခ်းေပးႏိုင္ပါတယ္။
ဒါေပမယ့္ ဒီေငြေတြကို ျပန္ဆပ္ဖို႔အတြက္ ကိုယ့္မွာ အစီအစဥ္ေကာင္းေတြရွိဖို႔လည္း လိုပါေသးတယ္။
ေခ်းယူတာျဖစ္တဲ့အတြက္ ကိုယ္အဆင္ေျပတဲ့အခ်ိန္မွာ ျပန္ဆပ္ဖို႔ လိုအပ္ပါတယ္။
မဟုတ္ရင္ ေနာက္ေနာင္ ကိုယ္အေရးတႀကီးလိုအပ္လာတဲ့အခါ ထုတ္ေခ်းေပးမယ့္လူ မရွိပဲ ေနပါလိမ့္မယ္။
၅။ အေႂကြးေတြကို တစ္စုတစ္စည္းတည္းထားပါ။
တကယ္လို႔ အေႂကြးေတြ အမ်ားႀကီးရွိတယ္ဆိုရင္ အေႂကြးေတြအားလုံး တစ္စုတစ္စည္းတည္း ျဖစ္ေအာင္ထားပါ။
ဆိုလိုတာကေတာ့ တစ္ေနရာကို နည္းနည္းစီေခ်းထားတဲ့ ရွိၿပီးသားအေႂကြးေတြအားလုံးကို ျပန္ဆပ္ဖို႔အတြက္ တစ္ေနရာတည္းကေန ထပ္ေခ်းလိုက္ပါ။
ၿပီးရင္ ျပန႔္ေနတဲ့ အေႂကြးေတြကို ဆပ္လိုက္ပါ။
ဒါဆိုရင္ ဆပ္ရမယ့္ အေႂကြးေတြက ျပန႔္က်ဲမေနေတာ့ဘဲ တစ္စုတစ္စည္းတည္း ျဖစ္သြားတဲ့အတြက္ ပိုၿပီး အာ႐ုံစိုက္ႏိုင္ေစပါတယ္။
ဒဏ္ေၾကးေတြကိုလည္း ေရွာင္ရွားႏိုင္ပါတယ္။ အတိုးႏႈန္း နည္းနည္းနဲ႔ တစ္စုတစ္စည္းတည္း ျပန္ဆပ္ႏိုင္ဖို႔အတြက္ ေငြေခ်းေပးမယ့္သူနဲ႔ ေသခ်ာညႇိႏႈိင္းပါ။
၆။ အသုံးစရိတ္ေလွ်ာ့ပါ။
အေႂကြးေတြရွိေနၿပီဆိုရင္ အၿမဲျပန္ဆပ္ရမွာ ျဖစ္တဲ့အတြက္ အသုံးစရိတ္နဲ႔ စုေငြလည္း နည္းသြားပါလိမ့္မယ္။
ဒါေၾကာင့္ အသုံးစရိတ္ေတြကို ေလွ်ာ့ခ်ၿပီး အေႂကြးေတြကို အျမန္ဆုံးျပန္ဆပ္ႏိုင္ေအာင္ ႀကိဳးစားရပါမယ္။
တစ္ခ်ိဳ႕ ေလွ်ာ့ခ်ဖို႔ခက္တဲ့ အသုံးစရိတ္ေတြကိုေတာ့ အတင္းအၾကပ္ ေလွ်ာ့ခ်ဖို႔မလိုပါဘူး။
ဥပမာ- အိမ္ငွားခလို အသုံးစရိတ္မ်ိဳးေတာ့ ေလွ်ာ့ခ်လို႔ မလြယ္ပါဘူး။
၇။ ဝင္ေငြတိုးေအာင္ လုပ္ပါ။
ဝင္ေငြတိုးဖို႔အတြက္ အလုပ္ေျပာင္းတာပဲျဖစ္ျဖစ္ အေသးစား စီးပြားေရးလုပ္ငန္းေလးျဖစ္ျဖစ္ စလုပ္ၾကည့္ပါ။
မဟုတ္ရင္လည္း Freelance လုပ္တာပဲျဖစ္ျဖစ္၊ အခ်ိန္ပိုင္းလုပ္တာပဲျဖစ္ျဖစ္၊ Online shop ေလးလုပ္ျခင္းျဖစ္ျဖစ္ အပိုဝင္ေငြရွာႏိုင္တဲ့ နည္းလမ္း အမ်ားႀကီးရွိပါတယ္။
အေပၚမွာေျပာခဲ့တဲ့ နည္းလမ္းေတြက အေႂကြးသံသရာထဲကေန ပိုမိုျမန္ဆန္စြာ ႐ုန္းထြက္ႏိုင္ဖို႔အတြက္ ကူညီေပးႏိုင္ပါလိမ့္မယ္။
ဒါေပမယ့္ ဟပ္ခ်ေလာင္းဆိုၿပီးေတာ့ အေႂကြးေတြ ေပ်ာက္သြားေအာင္လုပ္ယူလို႔ေတာ့ ရမွာမဟုတ္ပါဘူး။
စီမံခန႔္ခြဲမႈေတြ လိုက္နာေဆာင္႐ြက္မႈေတြလည္း လိုပါေသးတယ္။
အသုံးစရိတ္ကို ေသခ်ာတြက္ခ်က္ၿပီး အေႂကြးေတြျပန္ဆပ္ႏိုင္ဖို႔အတြက္ ေငြအသုံးအစြဲအထိန္းအကြပ္ရယူျခင္းဆိုင္ရာအတြဲ ကို ေလ့လာႏိုင္ပါတယ္။
အေႂကြးသံသရာထဲက ဘာလို႔ ႐ုန္းထြက္ဖို႔ ခက္တာလဲဆိုတာလည္း ဆက္လက္ေလ့လာႏိုင္ပါတယ္။
credit
unicode
ဆုံးပြီလို့ ထင်ထားတဲ့အကြွေးကိုတောင် မြန်မြန်ပြန်ရစေတဲ့ အကြွေးတောင်းနည်း..
အကြွေးမြန်မြန်ပြန်ရအောင် ကြက်ဥလေးနဲ့ အကြွေးဒီလိုတောင်းပါ
ကြက်ဥလေးနဲ့ကြွေးတောင်းမယ်
အကြွေးမြန်မြန်ပြန်ရစေမည့် ထိရောက်စေသောနည်း ကြက်ဥတစ်လုံးပေါ်တွင် ခဲတံဖြင့် အကြွေးလို့ရေးပါ။
ထိုကြက်ဥထောင်မတ်စေရန် တစ်ခုခုပေါ်တင်ပါ။ ထိုကြက်ဥပေါ်ဖယောင်းတိုင် တစ်တိုင်မီးထွန်းပြီးလျှင်
××××ဆီမှ အကြွေးငွေ ××××ကျပ်အမြန်ပြန်ရပါစေဟု …. လေးလေးနက်နက်…ဆုတောင်းပေးပါ။
အကြွေးများလျင် ၊အတောင်းရခက်သောသူဖြစ်လျင် နေ့စဉ်ရက်ဆက် ကြက်ဥပေါ်မီးထွန်းပြီး ဆုတောင်းပေးပါ။
ဗေဒင်ယတြာများကို ဖတ်ရှု့လေ့လာကြသူများလည်း
သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို… အစဉ်ဦးညွှတ်ကန်တော့လျက်…
ဆရာမဇာဇာ 09762011321
အကြွေးနွံထဲက မြန်မြန် ရုန်းထွက်စေနိုင်မယ့် နည်းလမ်း (၇) သွယ်
အကြွေးတင်နေတဲ့အခြေအနေမျိုးဆိုတာ တော်တေ်ာလေး စိတ်ညစ်စရာကောင်းပါတယ်။
အကြွေးတင်သွားရင် ကိုယ့်ရဲ့ဝင်ငွေကို သေသေချာချာကောင်းကောင်းစီမံခန့်ခွဲပြီး စည်းကမ်းရှိရှိသုံးစွဲရင်းနဲ့ ပြန်ဆပ်နိုင်ပါတယ်။
တစ်ခါတစ်လေ တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်ရတာမျိုးတောင် ရှိတတ်ပါတယ်။
အကြွေးပြန်ပြန်ဆပ်နေရတာနဲ့ တင် လိုချင်တာ မဝယ်ရ၊ စားချင်တာ မစားရ၊ သွားချင်တာ မသွားရ ဖြစ်လာပါတယ်။
အကြွေးပြန်ဆပ်တယ်ဆိုတာ ကိုယ့်အသုံးစရိတ်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့အတွက် အကြွေးပြန်ဆပ်ဖို့ ငွေကြေးစီမံတဲ့အခါ ငွေကြေးစီမံနည်း အဆင့် (၅) ဆင့် ကို အသုံးပြုနိုင်ပါတယ်။
ငွေကြေးဆိုင်ရာ အထိန်းအကွပ်ပြန်လည် ရရှိဖို့အတွက် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတစ်ချို့ကိုလည်း ဖော်ပြပေးထားပါတယ်။
၁။ အကြွေးတွေအများကြီးထဲက တစ်ခုကို အပြည့်ပြန်ဆပ်ပါ။
အကြွေးတွေ တစ်ခုထက် ပိုပြီး ရှိတယ်ဆိုရင် အဲဒီအထဲကတစ်ခုကို အပြည့် အရင်ဆပ်ပါ။
ဒီနည်းက ငွေနည်းနည်းပိုစုမိစေပါလိမ့်မယ်။ တခြားကျန်နေသေးတဲ့ အကြွေးတွေရဲ့ အတိုးနဲ့ ပြစ်ဒဏ်ကြေးတွေကိုလည်း ပေးတော့ ပေးနေရပါလိမ့်မယ်။
ဒါပေမယ့် အကြွေးတစ်ခုကို လုံးဝအပြည့်ဆပ်ပြီးပြီ ဖြစ်တဲ့အတွက် အတိုးနဲ့ ဒဏ်ကြေးတွေ လျော့သွားမှာဖြစ်လို့ ရေရှည်မှာလည်း သက်သာပြီး စီမံခန့်ခွဲရတာလည်း အဆင်ပြေစေပါတယ်။
၂။ အတိုးအများဆုံးအကြွေးကို အရင်ဆပ်ပါ။
တင်နေတဲ့ အကြွေးအားလုံးမှာ အတိုးတွေနဲ့ အနည်းဆုံးပြန်ဆပ်ငွေတွေကို ပေးရတယ်ဆိုရင်တော့ ကျန်တဲ့ငွေတွေနဲ့ ကြေးအကြီးဆုံး (အတိုးအများဆုံး) အကြွေးကို အရင်ဆုံးဆပ်ပါ။ ဒီနည်းနဲ့ အတိုးတွေကို လျှော့ချနိုင်ပါတယ်။
၃။ ပိုင်ဆိုင်ပစ္စည်းအချို့ကို ရောင်းချပါ။
ပိုက်ဆံပြန်ရမယ့် ရောင်းလို့ရတဲ့ ပစ္စည်းမျိုးရှိရင် ရောင်းလိုက်ပါ။
ပိုက်ဆံနည်းနည်းဘဲ ပြန်ရမယ်ဆိုရင်တောင် ဒါက အကြွေးတွေထဲကနေ အမြန်ရုန်းထွက်နိုင်ဖို့အတွက် အကူအညီဖြစ်ပါတယ်။
ဒီလိုရောင်းချပြီး ပြန်ဆပ်လိုက်တဲ့အတွက် အတိုးတွေကို အများကြီး ပြန်ဆပ်စရာ မလိုတော့ဘဲ လိုအပ်တဲ့အရာတွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၄။ မိသားစု သို့မဟုတ် သူငယ်ချင်းများထံမှ ငွေချေးပါ။
အကြွေးတွေအရမ်းများနေပြီဆိုရင်တော့ သူငယ်ချင်း၊ မိသားစုဝင်တွေဆီက ငွေချေးဖို့ စဉ်းစားရပါတော့မယ်။
သူငယ်ချင်း မိသားစုတွေ ဖြစ်တဲ့အတွက် အတိုးနှုန်း နည်းနည်းနဲ့ ချေးပေးကောင်း ချေးပေးနိုင်ပါတယ်။
ဒါပေမယ့် ဒီငွေတွေကို ပြန်ဆပ်ဖို့အတွက် ကိုယ့်မှာ အစီအစဉ်ကောင်းတွေရှိဖို့လည်း လိုပါသေးတယ်။
ချေးယူတာဖြစ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့အချိန်မှာ ပြန်ဆပ်ဖို့ လိုအပ်ပါတယ်။
မဟုတ်ရင် နောက်နောင် ကိုယ်အရေးတကြီးလိုအပ်လာတဲ့အခါ ထုတ်ချေးပေးမယ့်လူ မရှိပဲ နေပါလိမ့်မယ်။
၅။ အကြွေးတွေကို တစ်စုတစ်စည်းတည်းထားပါ။
တကယ်လို့ အကြွေးတွေ အများကြီးရှိတယ်ဆိုရင် အကြွေးတွေအားလုံး တစ်စုတစ်စည်းတည်း ဖြစ်အောင်ထားပါ။
ဆိုလိုတာကတော့ တစ်နေရာကို နည်းနည်းစီချေးထားတဲ့ ရှိပြီးသားအကြွေးတွေအားလုံးကို ပြန်ဆပ်ဖို့အတွက် တစ်နေရာတည်းကနေ ထပ်ချေးလိုက်ပါ။
ပြီးရင် ပြန့်နေတဲ့ အကြွေးတွေကို ဆပ်လိုက်ပါ။
ဒါဆိုရင် ဆပ်ရမယ့် အကြွေးတွေက ပြန့်ကျဲမနေတော့ဘဲ တစ်စုတစ်စည်းတည်း ဖြစ်သွားတဲ့အတွက် ပိုပြီး အာရုံစိုက်နိုင်စေပါတယ်။
ဒဏ်ကြေးတွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။ အတိုးနှုန်း နည်းနည်းနဲ့ တစ်စုတစ်စည်းတည်း ပြန်ဆပ်နိုင်ဖို့အတွက် ငွေချေးပေးမယ့်သူနဲ့ သေချာညှိနှိုင်းပါ။
၆။ အသုံးစရိတ်လျှော့ပါ။
အကြွေးတွေရှိနေပြီဆိုရင် အမြဲပြန်ဆပ်ရမှာ ဖြစ်တဲ့အတွက် အသုံးစရိတ်နဲ့ စုငွေလည်း နည်းသွားပါလိမ့်မယ်။
ဒါကြောင့် အသုံးစရိတ်တွေကို လျှော့ချပြီး အကြွေးတွေကို အမြန်ဆုံးပြန်ဆပ်နိုင်အောင် ကြိုးစားရပါမယ်။
တစ်ချို့ လျှော့ချဖို့ခက်တဲ့ အသုံးစရိတ်တွေကိုတော့ အတင်းအကြပ် လျှော့ချဖို့မလိုပါဘူး။
ဥပမာ- အိမ်ငှားခလို အသုံးစရိတ်မျိုးတော့ လျှော့ချလို့ မလွယ်ပါဘူး။
၇။ ဝင်ငွေတိုးအောင် လုပ်ပါ။
ဝင်ငွေတိုးဖို့အတွက် အလုပ်ပြောင်းတာပဲဖြစ်ဖြစ် အသေးစား စီးပွားရေးလုပ်ငန်းလေးဖြစ်ဖြစ် စလုပ်ကြည့်ပါ။
မဟုတ်ရင်လည်း Freelance လုပ်တာပဲဖြစ်ဖြစ်၊ အချိန်ပိုင်းလုပ်တာပဲဖြစ်ဖြစ်၊ Online shop လေးလုပ်ခြင်းဖြစ်ဖြစ် အပိုဝင်ငွေရှာနိုင်တဲ့ နည်းလမ်း အများကြီးရှိပါတယ်။
အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေက အကြွေးသံသရာထဲကနေ ပိုမိုမြန်ဆန်စွာ ရုန်းထွက်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဟပ်ချလောင်းဆိုပြီးတော့ အကြွေးတွေ ပျောက်သွားအောင်လုပ်ယူလို့တော့ ရမှာမဟုတ်ပါဘူး။
စီမံခန့်ခွဲမှုတွေ လိုက်နာဆောင်ရွက်မှုတွေလည်း လိုပါသေးတယ်။
အသုံးစရိတ်ကို သေချာတွက်ချက်ပြီး အကြွေးတွေပြန်ဆပ်နိုင်ဖို့အတွက် ငွေအသုံးအစွဲအထိန်းအကွပ်ရယူခြင်းဆိုင်ရာအတွဲ ကို
လေ့လာနိုင်ပါတယ်။
အကြွေးသံသရာထဲက ဘာလို့ ရုန်းထွက်ဖို့ ခက်တာလဲဆိုတာလည်း ဆက်လက်လေ့လာနိုင်ပါတယ်။
credit