Health Care

ဆားဝက်ခြံအဆီဖုတွေကြောင့် စိတ်ညစ်နေရသူတွေအတွက်လွယ်ကူရိုးရှင်းပြီးအကုန်အကျသက်သာတဲ့ဆေးနည်း

အဆီဖုတွေကြောင့်စိတ်ညစ်နေရရင်အမဲစက်တွေကြောင့်စိတ်ညစ်နေရတယ်ဆိုသူတွေအတွက်

လွယ်ကူရိုးရှင်းပြီးအကုန်အကျသက်သာတဲ့သဘာဝအိမ်တွင်းနီးလေးကိုယူဆောင်လာပါပြီနည်းလမ်းကတော့အာလူးတစ်မျိုးတည်းပါပဲ

ဒါပေမယ့်လည်းပိုပြီးထိရောက်စေတဲ့နည်းလမ်းလေးတော့ရှိတာပေါ့ဘယ်လိုလုပ်လဲဆိုတာကြည့်ရအောင်ပါ

ပြုလုပ်ပုံအာလူးကိုရေစင်အောင်ဆေးပါအခွံနွှာပါသနပ်ခါးကျောက်ပျဉ်ကိုလည်းရေစင်အောင်ဆေးပါကျွန်မကတော့ရေပူနဲ့ဆေးပါ

တယ်

မျက်နှာမှာသုံးမှာဖြစ်တဲ့အတွက် bacteria မဝင်ဖို့သတိထားရပါမယ်အခွံနွှာထားတဲ့အာလူးကိုရေအနည်းငယ်ဖြင့်ကျောက်ပျဉ်ပေါ်သွေးပါ

ပြီးရင်အာလူးကိုယူပြီးမျက်နှာပေါ်လိမ်းပေးပါအရေကုန်သွားရင်ထပ်သွေးပြီးလိမ်းပါသွေးထားတဲ့အရည်ကိုမလိမ်းပါဘူးနော်

သွေးထားတဲ့အာလူးကိုကိုင်ပြီးလိမ်းတာပါဘာကြောင့် သွေးပေးတာလဲဆိုတော့အာလူးထဲကအာနိသင်တွေပိုထွက်စေချင်လို့ပါရှင့်

လိမ်းပြီးပြီဆိုရင်လုံးဝခြောက်ပြီးတင်းလာတဲ့အထိမိနစ်၂၀ခန့်ထားပေးပါပြီးရင်တော့မိမိသုံးနေကျ facial foam လေးနဲ့မျက်နှာသစ်

လို့ရပါပြီ။

ဒီနည်းကတော့တကယ်ကိုထိရောက်ပြီးဘေးဥပဒ် side effectမရှိတာမို့တင်းတိပ်အရမ်းများနေတဲ့သူများအမှန်တကယ်လိမ်းဖို့လိုအ

ပ်နေတဲ့သူများနေ့တိုင်းလိမ်းပေးလို့ရပါတယ်နော်

ဒီနည်းလမ်းလေးကိုတစ်ချို့ကသိတယ်တစ်ချို့ကမသိဘူးတစ်ချို့ကလည်းသိရက်နဲ့မလုပ်ဘူးတစ်ခုတော့ရှိတာပေါ့

ဘယ်အရာမဆိုဒီနေ့လုပ်ဒီနေ့ပျောက်ဆိုတာမရှိပါဘူးနော်စိတ်ရှည်ရှည်လုပ်မှ result တစ်ခုကိုရတာပါနော်