သွေးတိုးခြင်းကို မိနစ်ပိုင်းအတွင်း သက်သာစေမည့် နည်းလမ်းများ
သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါ၍ ချက်ချင်း ဆေးရုံဆေးခန်းသွားပြဖို့ အဆင်မပြေပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။
(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညှစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။သွေးတိုး ချက်ချင်း သက်သာသွားစေပါတယ်။
(၂) သံပုရာသီးကို ခွဲပြီး အစေ့ ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။
(၃) သံပုရာသီး မရှိပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါတယ်။
(၄) ဗန်ဒါ ရွက်အနု ၃၊ ၄ ရွက်ခန့်ကိုရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန့် သောက်ပေးပါ။၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။
သတိပြုရန် – ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံ မသောက်သင့်ပါ။ ဝမ်းချုပ်တတ်ပါတယ်။သွေးတိုးရောဂါဝေဒနာရှင်များ
အတွက် မည်သူမဆို Share ပေးနိုင်ကြပါတယ်။
Credit – Nan Thandar Tin Win