Health Care

ဒီလောက်ပူကျစ်တောက်နေတဲ့နေအပူမှာ သတိထားစရာပါ.
















#Credit

unicode

ဒီလောက်ပူကျစ်တောက်နေတဲ့နေအပူမှာ သတိထားစရာ သေတတ်သည်…သတိထားပါ

ညနေကတောင်ဖြစ်သေးတယ် တံတွေးခမ်းပြီး လူက မိုက်ကနဲပဲ ရေပြေးသောက်လိုက်မှ သက်သာတယ်အယ်နီညိုမှာ ဒီရောဂါကြောင့်အများကြီးသေနိုင်ပါတယ်။

Heat Stroke အပူလျှပ်တဲ့ရောဂါ …ကျွန်တော် ဖြစ်ဖူးပါတယ် ကားစီးနေရင်း ခန္ဓာ ကိုယ်တစ်ခုလုံးပူလာပြီး ပါးစပ်နှာခေါင်း မျက်စိတွေကအစပေါ့ ပြီးတော့

ဒီလောက်ပူနေတာ ချွေးမထွက်ဘူး ခေါင်းတွေမူးခြေတွေလက်တွေတုန်တယ်..ဖြစ်တာက ဥက္ကံမြို့အကျော်ဖလုံရွာနား Expressပေါ်မှာ

နာရီတွက်ကြည့်မိတော့ နောက်မိနစ်၂၀မှ တိုက်ကြီးရောက်တော့မယ် ရေသန့်ဗူးကိုသောက်ပါတယ်

သို့ပေမဲ့ မရ သောက်ပြီးတာနဲ့ ပါးစပ်ထဲမှာ တံတွေးမရှိတော့ဘူး… ခြောက်ကပ်သွားပါတယ်။

ရေလဲကုန်ပြီမို့ ကား စပါယ်ယာခေါ်ပြီး ဓာတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုပြီး အကူအညီတောင်းတော့ ဓာတ်ဆားနှစ်ထုပ်ရပါတယ်။

သောက်လိုက်တော့ပါးစပ်မှာတံတွေး ပြန်ထွက်လာပါတယ်… မူးတာမပျောက် နှလုံးခုန်မြန်တာနဲနဲ သက်သာပါတယ်မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပဲ တိုက်ကြီး မှာဆင်းပြီး အနီးဆုံးဆေးခန်းကို ကျွန်တော်ပြေးပါတယ်။

ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပြီးသွေးချိန်တော့ ၅၀/၄၀ ကိုကျသွားပါပြီ။

ဆရာဝန် မလေးကချက်ချင်း ဒရစ်ချိတ်ပေးပါတယ်..ရှင့်ဆုံးဖြတ်ချက်မှန်တယ် … မဟုတ်ရင် အသက်အန္တရာယ်နီးတယ်တဲ့။ ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။ သတိရှိလို့ပါ မဟုတ်ရင် သေပါတယ်။

ဒါကြောင့်ချွေးမထွက်ပဲ တစ်ကိုယ်လုံး ပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။ ရှက်စရာမဟုတ်ပါ ရေ၊ ဖျော်ရည်၊ သကြားလုံး၊ဓာတ်ဆား ရရာသောက်။ အချိန်မဆွဲပါနဲ့ ရောက်တဲ့နေရာမှာ ဓာတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။

ချက်ချင်းသောက်ပါ…အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာ…မသိရင်ဒုက္ခလှလှတွေ့မှာပါ။ သတိထားပေးကြပါ ပေါ့လို့မရပါ။

၁၅ မိနစ်အတောအတွင်း Body heat ကို ၄၀အောက်ပြန်မချနိင်ရင် ဆိုးရွားသွားနိင်ပါတယ်။ ရေဖျော်ရည် ဓာတ်ဆားအဓိကပါ…မဟုတ်တဲ့ ဆေးတွေ လျှောက်တိုက်ရင် အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာ မဟုတ်ပါ။

ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။နီးစပ်ရာလည်းသတိပေးပါ။ လာမှာနော်အယ်နီညိုနဲ့ အတူ Heat Stroke တဲ့

#Credit