Health Care
မည်းနေတဲ့ဂုတ်သားနဲ့ လည်ပင်းကို ပြန်လည်ဖြူ ဝင်းလာစေမယ့် အိမ်တွင်းနည်းလမ်း (၅) မျိုး..
Zawgyi
မည်းနေတဲ့ဂုတ်သားနဲ့ လည်ပင်းကို ပြန်လည်ဖြူ ဝင်းလာစေမယ့် အိမ်တွင်းနည်းလမ်း (၅) မျိုး..
မျက်နှာကြီးကဖြူပြီး လည်ပင်းကြီးကမည်းနေတယ်ဆို မဟုတ်သေးပါဘူး။ ဆံပင်သိမ်းတင်ထားတဲ့အချိန်ဆို တော်တော်လည်းကြည့်ရဆိုးပါတယ်။
အရှေ့ကကြည့်ရင် မသိသာပေမယ့် ဘေးတိုက်တို့၊ အနောက်တို့က ကြည့်မယ်ဆို သိပ်အမြင်ရဆိုးစေပါတယ်။ ဘယ်သူကတော့ ဒီလိုမျိုးမည်းနေချင်မှာလဲနော်။
ဒီလိုဆို မည်းနေတဲ့ဂုတ်သားနဲ့ လည်ပင်းကို ပြန်လည်ဖြူ ဝင်းလာစေမယ့် အိမ်တွင်းနည်းလမ်း (၅) မျိုးက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။
၁။ မုန့်ဖုတ်ဆိုဒါ မုန့်ဖုတ်ဆိုဒါ (၂-၃) ဇွန်းလောက်ကို ရေနဲ့ရောပြီး မည်းနေတဲ့ဂုတ်ပေါ်တင်ပေးလိုက်ပါ။ ခြောက်သွားရင်တော့ လက်နဲ့ပွတ်ချပြီး ရေဆေးလို့ရပါပြီ။
နောက်ဆုံးအနေနဲ့ လည်ပင်းကိုခြောက်အောင်သုတ်ပြီး Moisturizer လေးလိမ်းပေးလိုက်ပါ။
တစ်ပတ်လောက် နေ့တိုင်းပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် တော့ ရလဒ်ကောင်းလာတာကို တွေ့ရပါလိမ့်မယ်။
၂။ သံလွင်ဆီနဲ့ သံပရာရည် သံလွင်ဆီနဲ့ သံပရာရည်ကိုရောပြီး ညအိပ်ရာမဝင်ခင် တစ်လလုံးမည်းနေတဲ့ ဂုတ်ပေါ်လိမ်းအိပ်ပေးပါ။
တစ်လလောက်နေရင်တော့ အရောင်ကျသွားတာ တွေ့ရပါလိမ့်မယ်။
၃။ အာလူးရည် အားလူးကို အရည်ရအောင်ညှစ်ပြီး ဂုတ်ပေါ် (၁၀-၁၅) မိနစ်လောက်လိမ်းထားပေးပါ။
ပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးချလို့ရပါပြီ။ တစ်နေ့ (၁-၂) ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။
၄။ ဒိန်ချဉ် ဒိန်ချဉ် (၂) ဇွန်းကို သံပရာ (၁) ဇွန်းနဲ့ရောပြီး မိနစ် (၂၀) လောက် ဂုတ်မှာတင်ထားပေးလိုက်ပါ။ ပြီးရင်တော့ရေအေးလေးနဲ့ ဆေးချလို့ရပါပြီ။
တစ်နေ့ (၁) ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးဖို့တော့ လိုပါမယ်။
၅။ လျှားဇောင်းလက်ပတ် လျှားဇောင်းလက်ပတ်ရွက်ကို ထက်ခြမ်းခွဲပြီး ဂျယ်လ်ရှိတဲ့ဘက်နဲ့ မည်းနေတဲ့ဂုတ်ကို (၁၀) မိနစ်လောက် တိုက်ပေးပြီး ရေဆေးချလိုက်ပါ။
ရလဒ်မြန်မြန်လိုချင်ရင်တော့ နေ့တိုင်းပြုလုပ်ပေးဖို့ လိုပါမယ်။ #Crd