Weather

MOCHA CYCLONE မုန်တိုင်းကြီးတစ်လုံးဖြစ်လာနိုင်တဲ့နေရာဒေသတွေကို အသိပေးလာတဲ့ စုစုစံ

ဘင်္ဂလားပင်လယ်အော် andaman Island ကျွန်းစုများအနီးတွင် ၂၀၂၃ မေလ ၉ရက်နေ့ ၁၀ရက်နေ့ ၁၁ရက်နေ့တွေမှာ SCS အဆင့်ရှိ MOCHA CYCLONE မုန်တိုင်းကြီးတစ်လုံးဖြစ်လာနိုင်ပြီး မေလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း မိုချာမုန်တိုင်းညာဖက်လေပင့်တင်အား

အထက်လေစီးကြောင်းများမှနေပြီး တနင်္သာရီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်းဧရာဝတီတိုင်းရခိုင်ပြည်နယ်တောင်ပိုင်း

ပဲခူးတိုင်းမကွေးတိုင်း မန္တလေးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ် ရှမ်းပြည်နယ်မန္တလေးတိုင်းဒေသတွေရဲ့အထက်လေစီးကြောင်းများမှ မိုးတိမ်များရောက်ရှိလာကာ မုန်တိုင်းမိုးတွေရွာသွန်းပါလိမ့်မယ် မေလ ၁၃ ရက်နေ့မှာတော့ အဆိုပါဒေသတွေ

အပြင် ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေကိုပါ မုန်တိုင်းမိုးတွေရွာနိုင်ပါတယ်

မိုချာမုန်တိုင်းဘယ်နေရာမှကုန်းတွင်းဝင်ရောက်နိုင်တယ်ဆိုတာကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေ စောင့်ကြည့်ထောက်လှမ်းပြီး weather data အချက်အလက်များဝယ်ယူကာသေချာစိစစ်တွက်ချက်နေပါတယ်မကြာမှိအချိန်အတွင်းမှာ ခန့်မှန်းပေးသွားပါမယ်

issued time

04/05/2023 9:35am (MMT)

Su Su San မင်း ဂွတ် သီး

———————-





issued time

04/05/2023 9:35am (MMT)

Su Su San မင်း ဂွတ် သီး