News

တရုတ္ဖိုက္တာ Fan Rong ကို အနိုင္ယူျပလိုက္ၿပီးေနာက္ ရိုင္နီယာကို ဒဲ့စိန္ေခၚလိုက္တဲ့ Aung La N Sang

အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ One Championship မစ်ဒယ်လ်ဝိတ်တန်း သိုင်းပေါင်းစုံ MMA ယှဥ်ပြိုင်ထိုးသတ်ပွဲမှာ တရုတ်နိုင်ငံက ဖန်ရောင်းကို မြန်မာ့စပါးအုံး အောင်လအန်ဆန်းက ဒုတိယအချီ ၄၇ စက္ကန့်အတွင်းမှာပဲ အနိုင်ရခဲ့ပါတယ်။

ပွဲအပြီးမှာ အောင်လက သူမြန်မာပြည်က ဖြစ်ကြောင်းနဲ့ မြန်မာပြည်အတွက် ဆုတောင်းပေးကြဖို့ပြောသွားခဲ့ပြီး သူ့ရဲ့နည်းပြဖြစ်သူ ဟင်နရီဟုဒ်အပါအဝင် သူ့ကိုဝန်းရံပေးတဲ့သူအားလုံးကို ကျေူဇူးတင်စကားဆိုခဲ့ပါတယ်။

သူဟာ နောက်ပွဲထိုးဖို့အတွက် အဆင်သင့်ဖြစ်နေကြောင်းနှင့် ရိုင်နီယာရဲ့ မစ်ဒယ်ဝိတ်ခါးပတ်ကို စိန်ခေါ်ထိုးသတ်သွားမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒီပွဲက အောင်လအန်ဆန်နဲ့ ONE Championship ရဲ့ စာချုပ်ပြည့်တဲ့ နောက်ဆုံးပွဲ ဖြစ်သလို ဒီပွဲမှာ အနိုင်ရတဲ့သူက ချန်ပီယံခါးပတ် စိန်ခေါ်ဖို့ ရှိနိုင်တာကြောင့်

MMA ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်ခဲ့တာပါ။

အေမရိကန္နိုင္ငံမွာ က်င္းပတဲ့ One Championship မစ္ဒယ္လ္ဝိတ္တန္း သိုင္းေပါင္းစုံ MMA ယွဥ္ၿပိဳင္ထိုးသတ္ပြဲမွာ တ႐ုတ္နိုင္ငံက ဖန္ေရာင္းကို ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္းက ဒုတိယအခ်ီ ၄၇ စကၠန္႔အတြင္းမွာပဲ အနိုင္ရခဲ့ပါတယ္။

ပြဲအၿပီးမွာ ေအာင္လက သူျမန္မာျပည္က ျဖစ္ေၾကာင္းနဲ႔ ျမန္မာျပည္အတြက္ ဆုေတာင္းေပးၾကဖို႔ေျပာသြားခဲ့ၿပီး သူ႔ရဲ့နည္းျပျဖစ္သူ ဟင္နရီဟုဒ္အပါအဝင္ သူ႔ကိုဝန္းရံေပးတဲ့သူအားလုံးကို ေက်ူဇူးတင္စကားဆိုခဲ့ပါတယ္။

သူဟာ ေနာက္ပြဲထိုးဖို႔အတြက္ အဆင္သင့္ျဖစ္ေနေၾကာင္းႏွင့္ ရိုင္နီယာရဲ့ မစ္ဒယ္ဝိတ္ခါးပတ္ကို စိန္ေခၚထိုးသတ္သြားမည္ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ဒီပြဲက ေအာင္လအန္ဆန္နဲ႔ ONE Championship ရဲ့ စာခ်ဳပ္ျပည့္တဲ့ ေနာက္ဆုံးပြဲ ျဖစ္သလို ဒီပြဲမွာ အနိုင္ရတဲ့သူက ခ်န္ပီယံခါးပတ္ စိန္ေခၚဖို႔ ရွိနိုင္တာေၾကာင့္

MMA ပရိသတ္ေတြ စိတ္ဝင္စားမႈ ျမင့္တက္ခဲ့တာပါ။