အားလပ်ရက်တွေ ရောက်တဲ့အခါမှာ သူငယ်ချင်းတွေ စုပြီး hotpot သွားစားတတ် ကြပါတယ်။ သင်က အသီးအရွက်တွေကို ကြိုက်နှစ်သက်သူ ဖြစ်တယ် ဆိုရင်တောင် hotpot စားတာက တကယ်တော့ ကျန်းမာရေးနဲ့ အတော်ကို မညီညွတ်ပါဘူး။
Hotpot မှာ ဆိုဒီယမ်တွေ အလွန်အကဲ ပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာရေးအတွက် မကောင်းကြောင်း Mount Alvernia ဆေးရုံက ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ Hotpot ကို တစ်လတစ်ခါ သို့မဟုတ် တစ်လနှစ်ခါသာ စားသင့်ကြောင်း သတိပေးထားပါတယ်။
ဆိုဒီယမ်များစွာ ပါဝင်တဲ့ hotpot ဟင်းရည် ၇ မျိုး ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ထင်ရတဲ့ခရမ်းချဉ်သီး စွပ်ပြုတ်မှာ ဆိုဒီယမ် ၃၈၄၀ မီလီဂရမ် ပါဝင်ပြီး မှိုစွပ်ပြုတ်မှာ ဆိုဒီယမ် ၅၇၂၃ မီလီဂရမ် ပါဝင်ပါတယ် ။ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် ဆား ၂၀၀၀ မီလီဂရမ် (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) သာ စားသင့်တယ်လို့ ဖော်ပြထားပါတယ် ။
အစပ်များတဲ့ hotpot ဟင်းရည်တွေမှာ ဆီတွေ များစွာသုံးထားတာကို တွေ့ရပါတယ်။ အဲဒါကြောင့် hotpot စားမယ်ဆိုရင် မှိုဟင်းရည်လိုမျိုးကိုသာ ရွေးချယ်သင့်ကြောင်း၊ လတ်ဆတ်တဲ့ အသီးအရွက်များကိုသာ ရွေးချယ်သင့်ကြောင်း၊ အသားလုံး၊ hot dog တွေမှာ ဆိုဒီယမ်ပါဝင်မှုများလို့ လျှော့စားသင့်ကြောင်း၊ အသားတွေကို ကျက်မှသာ စားသင့်ကြောင်း Mount Alvernia ဆေးရုံက အကြံပေးထားပါတယ်။
Zawgyi,
အားလပ္ရက္ေတြ ေရာက္တဲ့အခါမွာ သူငယ္ခ်င္းေတြ စုၿပီး hotpot သြားစားတတ္ ၾကပါတယ္။ သင္က အသီးအ႐ြက္ေတြကို ႀကိဳက္ႏွစ္သက္သူ ျဖစ္တယ္ ဆိုရင္ေတာင္ hotpot စားတာက တကယ္ေတာ့ က်န္းမာေရးနဲ႔ အေတာ္ကို မညီၫြတ္ပါဘူး။
Hotpot မွာ ဆိုဒီယမ္ေတြ အလြန္အကဲ ပါဝင္တာေၾကာင့္ ခႏၶါကိုယ္ က်န္းမာေရးအတြက္ မေကာင္းေၾကာင္း Mount Alvernia ေဆး႐ုံက က်န္းမာေရးပညာရွင္ေတြက ေျပာပါတယ္။ Hotpot ကို တစ္လတစ္ခါ သို႔မဟုတ္ တစ္လႏွစ္ခါသာ စားသင့္ေၾကာင္း သတိေပးထားပါတယ္။
ဆိုဒီယမ္မ်ားစြာ ပါဝင္တဲ့ hotpot ဟင္းရည္ ၇ မ်ိဳး ရွိပါတယ္။ က်န္းမာေရးနဲ႔ ညီၫြတ္တယ္လို႔ ထင္ရတဲ့ခရမ္းခ်ဥ္သီး စြပ္ျပဳတ္မွာ ဆိုဒီယမ္ ၃၈၄၀ မီလီဂရမ္ ပါဝင္ၿပီး မႈိစြပ္ျပဳတ္မွာ ဆိုဒီယမ္ ၅၇၂၃ မီလီဂရမ္ ပါဝင္ပါတယ္ ။ က်န္းမာေရးနဲ႔ ညီၫြတ္ဖို႔ဆိုရင္ ဆား ၂၀၀၀ မီလီဂရမ္ (လက္ဖက္ရည္ဇြန္း တစ္ဇြန္း) သာ စားသင့္တယ္လို႔ ေဖာ္ျပထားပါတယ္ ။
အစပ္မ်ားတဲ့ hotpot ဟင္းရည္ေတြမွာ ဆီေတြ မ်ားစြာသုံးထားတာကို ေတြ႕ရပါတယ္။ အဲဒါေၾကာင့္ hotpot စားမယ္ဆိုရင္ မႈိဟင္းရည္လိုမ်ိဳးကိုသာ ေ႐ြးခ်ယ္သင့္ေၾကာင္း၊ လတ္ဆတ္တဲ့ အသီးအ႐ြက္မ်ားကိုသာ ေ႐ြးခ်ယ္သင့္ေၾကာင္း၊ အသားလုံး၊ hot dog ေတြမွာ ဆိုဒီယမ္ပါဝင္မႈမ်ားလို႔ ေလွ်ာ့စားသင့္ေၾကာင္း၊ အသားေတြကို က်က္မွသာ စားသင့္ေၾကာင္း Mount Alvernia ေဆး႐ုံက အႀကံေပးထားပါတယ္။