News

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူ ၂ ဦးနဲ့ ရဲ ၁ ဦး စတင်သေဆုံးမှုဖြစ်

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူ ၂ ဦးနဲ့ ရဲ ၁ ဦး စတင်သေဆုံးမှုဖြစ်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ အင်အားပြင်းထန်တဲ့ စူပါဆိုင်ကလုန်း မိုခါ ကြောင့် မေလ ၁၄ ရက်နေ့မှာ လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူ ၂ ဦးဟာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ တောင်ကုတ်မြို့နယ်က အမျိုးသား ၂ ဦးဖြစ်ပြီး ၂ ဦးလုံးက သစ်ပင်ပိပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီမနက် ရေကြည်မှာတော့ သစ်ပင်ပိတာက တစ်ဦးသေသွားတယ် အမျိုးသားတစ်ဦးပဲ ကားမောင်းလာရင်း သစ်ပင်ပိတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တောင်ကုတ်မြို့နယ်၊ ကြိုးကြားကွင်းကျေးရွာအုပ်စု၊ စလူကျေးရွာမှာ လေပြင်းတိုက်ခတ်လို့ သစ်ပင်ပိပြီး သေဆုံးခဲ့တဲ့သူဟာ အသက် ၂၀ အရွယ် ချင်းတိုင်းရင်းသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်၊ တစောင်းရိုးကျေးရွာမှာသေဆုံးခဲ့တဲ့ အမျိုးသားကတော့ ဘေးတွဲဆိုင်ကယ်မောင်းသူ ဖြစ်ပြီး သစ်ပင်ပိပြီးသေဆုံးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ဒါ့ပြင် မေလ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာပဲ ပြည်ဦးလွင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး သစ်ပင်ပိလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

မိုခါမုန်တိုင်းဟာ စစ်တွေမြို့အနီးကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ကျော်ဖြတ်နေဆဲ ဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်နေပေမယ့် အတည်ကျတော့ မသိရသေးပါဘူး။

မိုခါဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ျမန္မာႏိုင္ငံမွာ လူ ၂ ဦးနဲ႔ ရဲ ၁ ဦး စတင္ေသဆုံးမႈျဖစ္

ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နားကေန ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္တဲ့ အင္အားျပင္းထန္တဲ့ စူပါဆိုင္ကလုန္း မိုခါ ေၾကာင့္ ေမလ ၁၄ ရက္ေန႔မွာ လူ ၂ ဦးေသဆုံးခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေသဆုံးသူ ၂ ဦးဟာ ဧရာဝတီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္နဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္က အမ်ိဳးသား ၂ ဦးျဖစ္ၿပီး ၂ ဦးလုံးက သစ္ပင္ပိၿပီး ေသဆုံးခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
“ ဒီမနက္ ေရၾကည္မွာေတာ့ သစ္ပင္ပိတာက တစ္ဦးေသသြားတယ္ အမ်ိဳးသားတစ္ဦးပဲ ကားေမာင္းလာရင္း သစ္ပင္ပိတာ”လို႔ ေဒသခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္၊ ႀကိဳးၾကားကြင္းေက်း႐ြာအုပ္စု၊ စလူေက်း႐ြာမွာ ေလျပင္းတိုက္ခတ္လို႔ သစ္ပင္ပိၿပီး ေသဆုံးခဲ့တဲ့သူဟာ အသက္ ၂၀ အ႐ြယ္ ခ်င္းတိုင္းရင္းသားတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

ေရၾကည္ၿမိဳ႕နယ္၊ တေစာင္း႐ိုးေက်း႐ြာမွာေသဆုံးခဲ့တဲ့ အမ်ိဳးသားကေတာ့ ေဘးတြဲဆိုင္ကယ္ေမာင္းသူ ျဖစ္ၿပီး သစ္ပင္ပိၿပီးေသဆုံးခဲ့တာလို႔ ေဒသခံေတြကေျပာပါတယ္။
ဒါ့ျပင္ ေမလ ၁၄ ရက္ေန႔ ေန႔လည္ပိုင္းမွာပဲ ျပည္ဦးလြင္ၿမိဳ႕နယ္မွာ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္တစ္ဦး သစ္ပင္ပိလို႔ ေသဆုံးခဲ့ေသးတယ္လို႔ သိရပါတယ္။

မိုခါမုန္တိုင္းဟာ စစ္ေတြၿမိဳ႕အနီးကေန ကုန္းတြင္းပိုင္းကို ဝင္ေရာက္ေက်ာ္ျဖတ္ေနဆဲ ျဖစ္ၿပီး ထိခိုက္ပ်က္စီးမႈေတြလည္း ျဖစ္ေပၚေနေပမယ့္ အတည္က်ေတာ့ မသိရေသးပါဘူး။