လွေးအမ်၊ မေလ ၁၇ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့ ရပ်ကွက် ၁ နေ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး (အမျိုး
သမီး) မုန့်ဝယ်ဖို့ သွားရင်းကနေ အဆက်အသွယ်မရဘဲ ပျော
က်ဆုံးသွားခဲ့တယ်လို့ မိသားစုဝင်က ပြောပါတယ်။
ပျောက်ဆုံးသွားသူဟာ နန်းကွီခမ်းခေါ် အေးတစ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာ မက်မန်းသီး သွားဝယ်မယ်လို့ အဖွားဖြစ်သူကိုပြောပြီး ထွက်သွားရာကနေ ဒီ
နေ့အထိ နေအိမ်ကို ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
၎င်းရဲ့ဖုန်းကို ၂ ခါ ဆက်သွယ်လို့ ရခဲ့ပေမယ့် ဖုန်းကိုင်တဲ့သူက နန်းကွီခမ်းမဟုတ်ဘဲ သူ့ရဲ့သူငယ်ချင်းဆိုပြီး တစ်ခြားအမျိုးသမီးတစ်ယောက်ကသာ ဖိုးကိုင်နေတယ်လို့ နန်းကွီခမ်းရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။
“သူငယ်ချင်းတွေနဲ့ သွားတယ်လို့ပြောတာဘဲ။ တခါတလေ ဖုန်းခေါ်လို့ ရပေမယ့်လည်း သူပြောတာ မဟုတ်ဘူး။ တစ်ခြားကောင်မလေးပြောတာ ဖုန်းကဒ် လဲသုံးထားတယ်လို့ဘဲပြောတာ။ စကားလည်း ကောင်းကောင်းမပြောရဘူး ဖုန်းချသွားတာ။ သုံးခါလောက် ခေါ်ပြီးတော့ ဖုန်းက မရတော့ဘူး။ စက်ပိတ်တယ်လို့ဘဲ ပြောနေတာ”
နန်းကွီခမ်းအပါအဝင် သူမနဲ့အတူသွားတဲ့ မိန်းကလေး သူငယ်ချင်း ၃ ဦးလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“CZI အနီရောင် ဆိုင်ကယ်နဲ့ လေးယောက် ထွက်သွားတာလို့ သူ့သူငယ်ချင်းအမေက ပြောတယ်။ သူ့သူငယ်ချင်းရဲ့ မိသားစုဝင်တွေလည်း အခုချိန်ထိ လိုက်ရှာနေတာ။ မတွေ့သေးဘူးရှင့်”
ပျောက်ဆုံးသွားတဲ့ ကလေးငယ်တွေဟာ တန့်ယန်းမြို့ထဲ ကျွမ်းကျင်စွာ သွားလာနိုင်တာကြောင့် လမ်းမှားတာမဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုခုက ဖမ်းဆီးချုပ်နှောင်ထားပြီး ရောင်းစားသွားမှာကိုဘဲ စိုးရိမ်တယ်လို့ နန်းကွီခမ်းရဲ့ မိခင်က ပြောပါတယ်။
မိသားစုဝင်တွေက စိတ်ပူနေကြတာကြောင့် ကလေးငယ်ကို တွေ့ရှိခဲ့ပါက ဖုန်း 09 405 001 012, 09 404 209 494, 09 402 911 997, 09 778 200 019 သို့ ဆက်သွယ်အကြောင်းကြားပေးဖို့ တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်မှာလည်း ဝဒေသ ဟိုပန်ကနေ ကိုးကန့်ဒေသ လောက်ကိုင်သို့ တံမြက်စည်း သွားရောင်းတဲ့ လူငယ်အမျိုးသား ၄ ဦး ဒီနေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါတယ်။