ပြင်ဦးလွင်မြို့နယ်ရှိ တောင်ပုလရန်အောင်မြင်ကပ်ကျော်သစ္စာရှင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် မနက်ဖြန်၌ ဒူးရင်းသီးစတုဒီသာပွဲတော်ပြုလုပ်မည်
မန္တလေးတိုင်း၊ပြည်ဦးလွင်မြို့နယ်၊ဝက်ဝံကျေး ရွာအုပ်စု၊ပိတ်ချင်းမြှောင်လိုဏ်ဂူအနီးရှိ တောင်ပုလရန်အောင်မြင်ကပ်ကျော်သစ္စာရှင်ဆုတောင်း ပြည့်စေတီတော်မြတ်ကြီးတွင် မေ ၂၁ ရက်(မနက်ဖြန်)၌ ဒူးရင်းသီးစတုဒိသာပွဲတော်ကျင်းပသွားမည်ဖြစ်သည်။
တောင်ပုလတောင်တော်သို့ ဘုရားဖူးလာရောက်သူများအား လတ်ဆတ်ချိုမြိန်၍အရသာရှိသည့် ဒူရင်းသီးအလုံးရေ ၁၀၀၀ ဖြင့်ဒူးရင်းသီးစတုဒီသာဒါနပြုကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။ဒူးရင်းသီးစတုဒိသာပဲတော်အား နံနက် ၉ နာရီမှစတင်၍ ကြိုက်နှစ်သက်သလောက်(အဝ)စားသုံးနိုင်ပြီး အထုတ်ဖြင့်ထုတ်ကာ သယ်ဆောင်ခြင်းများကို လုံးဝခွင့်မပြုထားကြောင်း သိရသည်။
“ဒူးရင်းသီးအလုံးရေ ၇၀၀ နဲ့ကျွေးမွေးဖို့စီစဥ်ထားပေမယ့် အားပေးကြတဲ့လူတွေများလို့ နောက်ထပ်အလုံးရေ ၃၀၀ ထပ်ဖြည့်ပြီး ဒူးရင်းသီးအလုံးရေ ၁၀၀၀ လုံးနဲ့ ဒူးရင်းသီးစတုဒိီသာပွဲတော်ကို ကျင်းပသွားမှာပါ”ဟု တောင်ပုလဆရာတော် အရှင်ပညာဘောဂမှမိန့်ကြားထားသည်။
ဒူးရင်းသီးစတုဒိသာပွဲတော်၌ နိုင်ငံကျော်တေးသံရှင်များမှလည်း တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
Photo-အရှင်ပညာဘောဂ
ျပင္ဦးလြင္ၿမိဳ႕နယ္ရွိ ေတာင္ပုလရန္ေအာင္ျမင္ကပ္ေက်ာ္သစၥာရွင္ဆုေတာင္းျပည့္ေစတီေတာ္ျမတ္ႀကီးတြင္ မနက္ျဖန္၌ ဒူးရင္းသီးစတုဒီသာပြဲေတာ္ျပဳလုပ္မည္
မႏၲေလးတိုင္း၊ျပည္ဦးလြင္ၿမိဳ႕နယ္၊ဝက္ဝံေက်း ႐ြာအုပ္စု၊ပိတ္ခ်င္းေျမႇာင္လိုဏ္ဂူအနီးရွိ ေတာင္ပုလရန္ေအာင္ျမင္ကပ္ေက်ာ္သစၥာရွင္ဆုေတာင္း ျပည့္ေစတီေတာ္ျမတ္ႀကီးတြင္ ေမ ၂၁ ရက္(မနက္ျဖန္)၌ ဒူးရင္းသီးစတုဒိသာပြဲေတာ္က်င္းပသြားမည္ျဖစ္သည္။
ေတာင္ပုလေတာင္ေတာ္သို႔ ဘုရားဖူးလာေရာက္သူမ်ားအား လတ္ဆတ္ခ်ိဳၿမိန္၍အရသာရွိသည့္ ဒူရင္းသီးအလုံးေရ ၁၀၀၀ ျဖင့္ဒူးရင္းသီးစတုဒီသာဒါနျပဳေကြၽးေမြးသြားမည္ျဖစ္ေၾကာင္း သိရသည္။ဒူးရင္းသီးစတုဒိသာပဲေတာ္အား နံနက္ ၉ နာရီမွစတင္၍ ႀကိဳက္ႏွစ္သက္သေလာက္(အဝ)စားသုံးႏိုင္ၿပီး အထုတ္ျဖင့္ထုတ္ကာ သယ္ေဆာင္ျခင္းမ်ားကို လုံးဝခြင့္မျပဳထားေၾကာင္း သိရသည္။
“ဒူးရင္းသီးအလုံးေရ ၇၀၀ နဲ႔ေကြၽးေမြးဖို႔စီစဥ္ထားေပမယ့္ အားေပးၾကတဲ့လူေတြမ်ားလို႔ ေနာက္ထပ္အလုံးေရ ၃၀၀ ထပ္ျဖည့္ၿပီး ဒူးရင္းသီးအလုံးေရ ၁၀၀၀ လုံးနဲ႔ ဒူးရင္းသီးစတုဒိီသာပြဲေတာ္ကို က်င္းပသြားမွာပါ”ဟု ေတာင္ပုလဆရာေတာ္ အရွင္ပညာေဘာဂမွမိန္႔ၾကားထားသည္။
ဒူးရင္းသီးစတုဒိသာပြဲေတာ္၌ ႏိုင္ငံေက်ာ္ေတးသံရွင္မ်ားမွလည္း ေတးသီခ်င္းမ်ားျဖင့္သီဆိုေဖ်ာ္ေျဖသြားမည္ျဖစ္ေၾကာင္း သိရသည္။
Photo-အရွင္ပညာေဘာဂ