News

ဖျာပုံမြို့နယ်မှာ ငါးရောင်းတဲ့သူကို အိမ်ထဲ ခေါ်ပြီးသတ် နောက်တစ်ယောက်ကို ချစ်သူအဖြစ် ဟန်ဆောင် သတ်ပြီးလက်ဝတ်လက်စားယူကာအလောင်း ဖျောက်ဖျက်ကြသောစုံတွဲကိုဖမ်းမိပြီ

ဖျာပုံမြို့နယ်မှာ ငါးရောင်းတဲ့သူကို အိမ်ထဲ ခေါ်ပြီးသတ် နောက်တစ်ယောက်ကို ချစ်သူအဖြစ် ဟန်ဆောင် သတ်ပြီးလက်ဝတ်လက်စားယူကာအလောင်း ဖျောက်ဖျက်ကြသောစုံတွဲကိုဖမ်းမိပြီ

ဧရာဝတီတိုင်း ဖျာပုံမှာ မိန်းကလေးနှစ်ဦးကိုသတ်ပြီး လက်ဝတ်လက်စားယူဆောင် ကာအလောင်းဖျောက်ဖျက်ကြသောစုံတွဲကိုဖမ်းမိပြီလို့ သိရပါတယ်။ ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်ဒေါ်ညိမ်းကျေးရွာအုပ်စု သရက်တော ကျောင်းလမ်း၊ အမှတ် (၃) ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ်ရှိ မသန်းသန်းမြင့်နဲ့ မြို့ကုန်းကျေးရွာ အုပ်စု၊ကံစုကျေးရွာတွင်နေထိုင်သည့် အသက် ၂၄ နှစ် အရွယ်ရှိ မဇင်မျိုးသူတို့ နှစ်ဦးကို သတ်ကာ လက်ဝတ်လက်စားများ ယူဆောင် အလောင်းဖျောက်ဖျက်သည့် စုံတွဲကို ဖမ်းဆီးလိုက်တာပါ။

ယင်းတို့စုံတွဲမှာ ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စု ခါးပြတ် ကျေးရွာ ၂ ရပ်ကွက်တွင်နေထိုသည့် အသက် ၂၇ နှစ်အရွယ် မျိုးညွန့် ဆိုသူနဲ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဟုမ်းလမ်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် နန်းအေးခမ်း ဆိုသူတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတို့ရဲ့ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာ(၃)ရပ်ကွက်၊ သရက်တောကျောင်းလမ်း တွင် နေထိုင်ပြီး ဒေါ်ညိမ်းအုပ်စု၊ ခါးပြတ်ကျေးရွာအတွင်း ငါးများလိုက်လံရောင်းချနေသည့် ဒေါ်မြင့်မြင့်သန်း(၃၉)နှစ်အား (နန်းအေးခမ်းမှ ငါးဝယ်မည်ဟု ပြော၍ နေအိမ် အတွင်း ခေါ်ဆောင်ပြီး နေအိမ်တံခါးပိတ်၍ မမြင့်မြင့်သန်းအား မျိုးညွန့်မှ ပါးစပ်ပိတ်ချုပ်ကိုင်ထား ပြီး နန်းအေးခမ်းမှ ဓါးမြှောင်ဖြင့် မမြင့်မြင့်သန်း၏ ဝမ်းဗိုက်၊ ရင်အုံနှင့် လည်ပင်းတို့အား ထိုးသတ် ၍ ပီနံအိတ်အတွင်းထည့်သွင်းလျက် နေအိမ်နောက်ဖေးခြံဝင်းအတွင်း မြေကျင်းတူး၍ ပစ်ချမြေဖို့ မြှုပ်နှံဖျောက်ဖျက်ထားရှိပြီး မမြင့်မြင့်သန်း၏ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ ရွှေလက်စွပ်နှင့် ရွှေနားကပ်တို့အား ဖြုတ်ယူရောင်းချခဲ့တယ်ဆိုပါတယ်။

ယင်းအပြင် အဆိုပါ ပြစ်မှုကို ကျူးလွန်သည့် မျိုးညွန့်သည် မဇင်မျိုးသူ(၂၄)နှစ်၊ မှီခို၊ကံစု ကျေးရွာ၊မြို့ကုန်းကျေးရွာအုပ်စု၊ဒေါ်ညိမ်းနယ်မြေနေသူနှင့် ချစ်သူရည်းစား ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ပိုင်းတွင် ဖျာပုံမြို့နယ် ဒေါ် ညိမ်းနယ်မြေ၊ အေး ကုန်း ကျေးရွာသချိုင်းအနီးချိန်းတွေ့ခဲ့ကြပြီး နန်းအေးခမ်းကမျိုးညွန့်၏ အစ်မအဖြစ် ဟန် ဆောင်ကာလူစောင့်ကြည့်ပေးရန်မနီးမဝေးတွင်ရှိနေခဲ့ပြီးနောက် မျိုးညွန့်က မဇင်မျိုးသူ ၏ပါးစပ်ကိုလက်နှင့်ပိတ်ကာသိုင်းချုပ်ထားပြီးနန်းအေးခမ်းကအသင့်ယူဆောင်လာသည့်ဓားမြှောင်နှင့်မဇင်မျိုးသူ၏လည်ပင်း၊ရင်အုံနှင့်ဝမ်းဗိုက်တို့ကိုထိုးသတ်ခဲ့ကာမဇင်မျိုးသူ၏အလောင်းကိုအနီးရှိမြေကျင်းအဟောင်းသို့ပစ်ချမြှပ်နှံကာမဇင်မျိုးသူဝတ်ဆင်ခဲ့သောရွှေဆွဲကြိုးနှင့်ရွှေနားကပ်တို့ကိုဖြုတ်ယူခဲ့တယ်လို့ ထွက်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိတွင် သေဆုံးသူ ၂ ဦးရဲ့ အလောင်းတွေကို ပြန်လည် ဖော်ထုတ် စစ်ဆေးအတည်ပြုပြီးနောက်မှာတော့ မသန်းသန်းမြင့် သေဆုံးမှုအတွက် မျိုးညွန့်နှင့် နန်းအေးခမ်းတို့အားဒေါ်ညိမ်းနယ်မြေရဲစခန်း(ပ)၂၇/၂၀၂၃ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၃၉၂/၂၀၁/၃၄အရအမှုဖွင့်လှစ်စစ်ဆေးပြီး မဇင်မျိုးသူ သေဆုံးမှုအတွက် ဒေါ်ညိမ်းနယ် မြေရဲစခန်း(ပ)၂၈/၂၀၂၃ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၃၉၂/၂၀၁/၃၄အရအမှုရေးဖွင့်ကာအမှုစစ်ကတရားလိုနှင့် သက်သေများစစ်ဆေးခြင်း၊ သက်သေခံ ပစ္စည်းသိမ်း ဆည်းရန် ဆောင်ရွက်ခြင်း၊ အလောင်းတူးဖော်စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ယူခြင်း၊ အခင်းဖြစ်ရပ် စစ်ဆေးခြင်းမြပုံကြမ်း ဆွဲခြင်း၊အမြန်စွဲတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။

zawgyi

ဖ်ာပုံၿမိဳ႕နယ္မွာ ငါးေရာင္းတဲ့သူကို အိမ္ထဲ ေခၚၿပီးသတ္ ေနာက္တစ္ေယာက္ကို ခ်စ္သူအျဖစ္ ဟန္ေဆာင္ သတ္ၿပီးလက္ဝတ္လက္စားယူကာအေလာင္း ေဖ်ာက္ဖ်က္ၾကေသာစုံတြဲကိုဖမ္းမိၿပီ

ဧရာဝတီတိုင္း ဖ်ာပုံမွာ မိန္းကေလးႏွစ္ဦးကိုသတ္ၿပီး လက္ဝတ္လက္စားယူေဆာင္ ကာအေလာင္းေဖ်ာက္ဖ်က္ၾကေသာစုံတြဲကိုဖမ္းမိၿပီလို႔ သိရပါတယ္။ ဧရာဝတီတိုင္း၊ဖ်ာပုံၿမိဳ႕နယ္ေဒၚညိမ္းေက်း႐ြာအုပ္စု သရက္ေတာ ေက်ာင္းလမ္း၊ အမွတ္ (၃) ရပ္ကြက္ေန အသက္ ၃၉ ႏွစ္အ႐ြယ္ရွိ မသန္းသန္းျမင့္နဲ႔ ၿမိဳ႕ကုန္းေက်း႐ြာ အုပ္စု၊ကံစုေက်း႐ြာတြင္ေနထိုင္သည့္ အသက္ ၂၄ ႏွစ္ အ႐ြယ္ရွိ မဇင္မ်ိဳးသူတို႔ ႏွစ္ဦးကို သတ္ကာ လက္ဝတ္လက္စားမ်ား ယူေဆာင္ အေလာင္းေဖ်ာက္ဖ်က္သည့္ စုံတြဲကို ဖမ္းဆီးလိုက္တာပါ။

ယင္းတို႔စုံတြဲမွာ ဖ်ာပုံၿမိဳ႕နယ္ ေဒၚညိမ္းေက်း႐ြာအုပ္စု ခါးျပတ္ ေက်း႐ြာ ၂ ရပ္ကြက္တြင္ေနထိုသည့္ အသက္ ၂၇ ႏွစ္အ႐ြယ္ မ်ိဳးၫြန႔္ ဆိုသူနဲ႔ ရန္ကုန္တိုင္း စမ္းေခ်ာင္းၿမိဳ႕နယ္ ဟုမ္းလမ္းရပ္ကြက္မွာ ေနထိုင္တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ နန္းေအးခမ္း ဆိုသူတို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

ဖမ္းဆီးရမိသူတို႔ရဲ႕ ထြက္ဆိုခ်က္အရ ၂၀၂၂ ခုႏွစ္ ေအာက္တိုဘာ ၁၀ ရက္ေန႔ နံနက္ပိုင္းက ေဒၚညိမ္းေက်း႐ြာအုပ္စု၊ ေဒၚညိမ္းေက်း႐ြာ(၃)ရပ္ကြက္၊ သရက္ေတာေက်ာင္းလမ္း တြင္ ေနထိုင္ၿပီး ေဒၚညိမ္းအုပ္စု၊ ခါးျပတ္ေက်း႐ြာအတြင္း ငါးမ်ားလိုက္လံေရာင္းခ်ေနသည့္ ေဒၚျမင့္ျမင့္သန္း(၃၉)ႏွစ္အား (နန္းေအးခမ္းမွ ငါးဝယ္မည္ဟု ေျပာ၍ ေနအိမ္ အတြင္း ေခၚေဆာင္ၿပီး ေနအိမ္တံခါးပိတ္၍ မျမင့္ျမင့္သန္းအား မ်ိဳးၫြန႔္မွ ပါးစပ္ပိတ္ခ်ဳပ္ကိုင္ထား ၿပီး နန္းေအးခမ္းမွ ဓါးေျမႇာင္ျဖင့္ မျမင့္ျမင့္သန္း၏ ဝမ္းဗိုက္၊ ရင္အုံႏွင့္ လည္ပင္းတို႔အား ထိုးသတ္ ၍ ပီနံအိတ္အတြင္းထည့္သြင္းလ်က္ ေနအိမ္ေနာက္ေဖးၿခံဝင္းအတြင္း ေျမက်င္းတူး၍ ပစ္ခ်ေျမဖို႔ ျမႇဳပ္ႏွံေဖ်ာက္ဖ်က္ထားရွိၿပီး မျမင့္ျမင့္သန္း၏ ခႏၶာကိုယ္တြင္ ဝတ္ဆင္ထားသည့္ ေ႐ႊဆြဲႀကိဳး၊ ေ႐ႊလက္စြပ္ႏွင့္ ေ႐ႊနားကပ္တို႔အား ျဖဳတ္ယူေရာင္းခ်ခဲ့တယ္ဆိုပါတယ္။

ယင္းအျပင္ အဆိုပါ ျပစ္မႈကို က်ဴးလြန္သည့္ မ်ိဳးၫြန္႔သည္ မဇင္မ်ိဳးသူ(၂၄)ႏွစ္၊ မွီခို၊ကံစု ေက်း႐ြာ၊ၿမိဳ႕ကုန္းေက်း႐ြာအုပ္စု၊ေဒၚညိမ္းနယ္ေျမေနသူႏွင့္ ခ်စ္သူရည္းစား ျဖစ္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာ ၂၉ ရက္ေန႔ နံနက္ ပိုင္းတြင္ ဖ်ာပုံၿမိဳ႕နယ္ ေဒၚ ညိမ္းနယ္ေျမ၊ ေအး ကုန္း ေက်း႐ြာသခ်ိဳင္းအနီးခ်ိန္းေတြ႕ခဲ့ၾကၿပီး နန္းေအးခမ္းကမ်ိဳးၫြန္႔၏ အစ္မအျဖစ္ ဟန္ ေဆာင္ကာလူေစာင့္ၾကည့္ေပးရန္မနီးမေဝးတြင္ရွိေနခဲ့ၿပီးေနာက္ မ်ိဳးၫြန္႔က မဇင္မ်ိဳးသူ ၏ပါးစပ္ကိုလက္ႏွင့္ပိတ္ကာသိုင္းခ်ဳပ္ထားၿပီးနန္းေအးခမ္းကအသင့္ယူေဆာင္လာသည့္ဓားေျမႇာင္ႏွင့္မဇင္မ်ိဳးသူ၏လည္ပင္း၊ရင္အုံႏွင့္ဝမ္းဗိုက္တို႔ကိုထိုးသတ္ခဲ့ကာမဇင္မ်ိဳးသူ၏အေလာင္းကိုအနီးရွိေျမက်င္းအေဟာင္းသို႔ပစ္ခ်ျမႇပ္ႏွံကာမဇင္မ်ိဳးသူဝတ္ဆင္ခဲ့ေသာေ႐ႊဆြဲႀကိဳးႏွင့္ေ႐ႊနားကပ္တို႔ကိုျဖဳတ္ယူခဲ့တယ္လို႔ ထြက္ခဲ့ေၾကာင္း သိရပါတယ္။

လက္ရွိတြင္ ေသဆုံးသူ ၂ ဦးရဲ႕ အေလာင္းေတြကို ျပန္လည္ ေဖာ္ထုတ္ စစ္ေဆးအတည္ျပဳၿပီးေနာက္မွာေတာ့ မသန္းသန္းျမင့္ ေသဆုံးမႈအတြက္ မ်ိဳးၫြန္႔ႏွင့္ နန္းေအးခမ္းတို႔အားေဒၚညိမ္းနယ္ေျမရဲစခန္း(ပ)၂၇/၂၀၂၃ရာဇသတ္ႀကီးဥပေဒပုဒ္မ၃၀၂/၃၉၂/၂၀၁/၃၄အရအမႈဖြင့္လွစ္စစ္ေဆးၿပီး မဇင္မ်ိဳးသူ ေသဆုံးမႈအတြက္ ေဒၚညိမ္းနယ္ ေျမရဲစခန္း(ပ)၂၈/၂၀၂၃ရာဇသတ္ႀကီးဥပေဒပုဒ္မ၃၀၂/၃၉၂/၂၀၁/၃၄အရအမႈေရးဖြင့္ကာအမႈစစ္ကတရားလိုႏွင့္ သက္ေသမ်ားစစ္ေဆးျခင္း၊ သက္ေသခံ ပစၥည္းသိမ္း ဆည္းရန္ ေဆာင္႐ြက္ျခင္း၊ အေလာင္းတူးေဖာ္စစ္ေဆးျခင္း၊ မွတ္တမ္းဓါတ္ပုံ႐ိုက္ယူျခင္း၊ အခင္းျဖစ္ရပ္ စစ္ေဆးျခင္းျမပုံၾကမ္း ဆြဲျခင္း၊အျမန္စြဲတင္ပို႔ႏိုင္ေရး စီစဥ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရပါတယ္။