News

ဘယ်လောက်ထိကြောက်စရာကောင်းတဲ့လူ့အဖွဲ့စည်းဖြစ်သွားပီလည်းဆိုတာဖတ်သာကြည့်…

ဘဝမှာ ပထမဆုံးလူကြားထဲအနုကြမ်းစီးတာကြုံတွေ့လိုက်ရတာဒီနေ့ မနက် ၆ ခွဲခန့် အောင်မင်္ဂလာအဝေးပြေးအပြင်မှာ ကားစောင့်နေချိန် ပိုက်ဆံနဲ့ph အနုကြမ်းစီးခံလိုက်ရပါတယ် သူတို့စလှုပ်ရှားပုံကဒီလိုပါတယောက်က အခင်းတစ်ခုခင်းပြီး ကဒ်ပြားအဖြူ၃ ပြားကို တစ်ပြားက အနီရောင်အမှတ်တစ်ခုပါတယ် အဲ့ဒါကိုမှောက်ပြီး အနီရောင်ပါတာ ဘယ်ဟာလဲ ထိုးတဲ့လောင်းကစားဝိုင်းပုံစံမျိုးစဖန်တီးတယ်

ပြီးတော့ ကိုယ့်ကို ဝင်ထိုးခိုင်းတယ် ကိုကဘာမှမထိုးပဲ အေးဆေးနေနေတာတောင် အဲ့ထဲက ပိုက်ဆံယူလာပြီး ရော့လေ မင်းထိုးတဲ့ ပိုက်ဆံယူဆိုပြီး အနားကို ကပ်လာကြပြီး ကိုယ်က အာရုံနောက်လို့ ထသွားမယ်လုပ်တာနဲ့ လူကိုစချုပ်ပြီး ပိုက်ဆံအိတ်ကို စလုပါတော့တယ် ကိုက “ဒီမှာ ဓားပြတိုက်နေပါတယ် “အော်လဲ မရပါ အနားက လူတွေက မဆိုင်သလိုနေပါတယ် အော်ရင်ဓားနဲ့ထိုးမယ်သတ်မယ်လုပ်ပြီး လူကိုထိုးလာတော့ ကိုလဲ ၇ ယောက်လောက်နဲ့တစ်ယောက် တုံ့ပြန်နိုင်လောက်အောင် ဘာဟုဘာလီ လဲမဟုတ်တာမို့ ပိုက်ဆံယူချင်ယူ လိုင်စင်နဲ့ မှတ်ပုံတင်တော့ ပြန်ပေးပါဆိုပြီးပြောတော့ ပိုက်ဆံအိတ်ထဲက ပိုက်ဆံနှစ်သိန်းကို ယူပြီး

အဲ့ထဲက တစ်ယောက်က ညာဘက်အိတ်ကပ်ထဲက ph တစ်လုံးထပ်လုတယ် ကိုယ်လဲ လက်ထဲကLaptop အိတ်ထဲမှာ laptop နဲ့ ပိုက်ဆံတွေပါသေးတာမို့ ထပ်တွေ့မှာပိုစိုးရိမ်တာနဲ့ထပ်မရုန်းတော့ပဲ အေးဆေးလွှတ်ပေးပြီးအဲ့ နားကနေ အမြန်ခွါဖို့ပဲ ဆုံးဖြတ်လိုက်တာ ပြီးတော့ လူတွေကြားထဲပဲ အဲ့ကောင်တွေ ပိုက်ဆံခွဲယူနေကြတာ ပြီးတော့ တကောင်က ဘယ်သွားမှာလဲ ဘာညာအနားကနေ လိုက်ကပ်နေတော့ Taxi လဲတားမစီးရဲတော့တာနဲ့ တွေ့တဲ့ လိုင်းကားပေါ်ပဲ အမြန်ပြေးတက်ခဲ့ရတာ

Ph တစ်လုံးနဲ့ ပိုက်ဆံပဲပါပြီး လူဘာမှမဖြစ်တာကိုပဲကျေးဇူးတင်ရမလို ကို့မှာ ခုထိရင်တွေတလှပ်လှပ်ဖြစ်နေတုန်ပဲနောက်လူတွေ ကြိုတင်ဆင်ခြင်လို့ရအောင်ပါသူတို့က စုစုပေါင်း လူ ၇ ယောက်-၈လောက်ရှိမယ်အသက် ၃၅ ဝန်းကျင် ယောက်ျားတွေကြီးပဲ သူတို့ပုံစံတွေက သိသာတယ် အသားညိုညို ဆံပင်တိုကပ်ကပ်တွေ အားလုံးပဲ သတိနဲ့ ရှောင်နိုင်ကြပါစေ
– Min zaw




– Min zaw