News

ရွှေစျေးနဲ့ ဒေါ်လာစျေး ရေရှည်အကျဘက်ကို မသွားနိုင်တဲ့အကြောင်းရင်း

ပြီးခဲ့တဲ့လတွေကတည်းက တရိပ်ရိပ်ကျဆင်းနေတဲ့ ဒေါ်လာစျေးဟာ အောက်တိုဘာလအတွင်းမှာ အနိမ်းဆုံးစျေးနှုန်းအဖြစ် တ‌ဒေါ်လာကို ကျပ် ၄၃၂၀-၄၄၂၀ အထိ ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ်မှာ ဒေါ်လာဈေးဟာ ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့တာကြောင့် ၂ လဝန်းကျင်အတွင်းမှာ ဒေါ်လာဈေးဟာ တဒေါ်လာကို ၂၅၀၀ ဝန်းကျင်နှုန်း ကျဆင်းခဲ့တာပါ။

ပြည်တွင်း အခေါက်ရွှေဈေးကလည်း ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းက ကျပ် ၈၅ သိန်းထိ ရောက်ခဲ့ပေမဲ့

အခု အောက်တိုဘာလမှာတော့ အနိမ့်ဆုံး စျေးတန်းအားဖြင့် ၆၁ သိန်းခွဲဝန်းကျင်ထိ ပြန်ကျ‌ခဲ့ပါတယ်။

ဒေါ်လာနဲ့ ရွှေဈေးတွေ သိသိသာသာ ပြန်ကျလာပေမဲ့ ပြည်တွင်းမှာ ကုန်ပစ္စည်းဈေးနှုန်း အများစု ပြန်ကျဆင်းခြင်းမရှိတဲ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေက ရေကြီးမှု နောက်ဆက်တွဲ အ‌နေနဲ့ စိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့တာကြောင့် ဈေးပိုမြင့်တက်လာနေပါတယ်။

ပြည်တွင်းမှာ ဒေါ်လာဈေး၊ ရွှေဈေးတွေ ဆက်တိုက် ပြန်ကျဆင်းခဲ့ပေမယ့် မတည်ငြိမ်သေးတဲ့ တိုင်းပြည် အခြေအနေအရ ရေရှည်အကျဘက်ကို မသွားနိုင်ဘူးလို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

ဒီသုံးသပ်ချက်ဟာ အဓိပ္ပာယ်မဲ့ သုံးသပ်တာမျိုးတော့ မဟုတ်ဘဲ လက်ရှိမှာတော့ ဒေါ်လာစျေးဟာ ၄၅၀၀ ကို ပြန်ကျော်နေပြီး ရွှေစျေးကတော့ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၆၃ သိန်းခွဲ ဝန်းကျင် ပြန်ရောက်နေပြီဖြစ်ပါတယ်။

ပြည်တွင်းမှာ ရွှေစျေးနဲ့ ဒေါ်လာစျေး အတက်အကျဟာ ဆက်လက် အားပြိုင်နိုင်တာကြောင့် ရေတိုစီးပွားရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်း မလုပ်ဖို့ သတိပေးနေကြဆဲ ဖြစ်ပါတယ်။