မိတ္ထီလာလေတပ်တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် စနောက်ရာမှ တပ်ကြပ် အိဖြူခိုင် ကျည်ထိမှန်သေဆုံး
မန္တလေးတိုင်း၊ မိတ္တီလာလေတပ်တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် အချင်းချင်း စနောက်ကြရာမှ တပ်ကြပ် အိဖြူခိုင် ကျည်ထိမှန်သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ မေလ ၃၀ ရက်နေ့တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် ပစ်ခတ်သည့်ပုံစံ စနောက်ကြရာမှ ကျည်ထွက်ပြီး တပ်ကြပ် အိဖြူခိုင်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ သေနတ်မောင်းချိန်၍ စနောက်ခဲ့သူကိုလည်း ဖမ်းဆီးအချုပ်ချထားကြောင်း သိရှိရသည်။
“သူနဲ့ ရင်းနှီးတဲ့ စစ်သားက သေနတ်ကျည်ထိုးထားတာကို မသိဘဲ သွားစတာ။ ကျည်ထွက်ပြီး အိဖြူခိုင်ကို မှန်တယ်။ တစ်ခါတည်း ပွဲချင်းပြီး ဆုံးပါတယ်။ စနောက်သူလည်း အဖမ်းခံထားရတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
မိတ္တီလာလေတပ်မှ တပ်ကြပ် အိဖြူခိုင်သည် အိမ်ထောင်မရှိ အပျိုတစ်ဦးဖြစ်ပြီး ၎င်း၏ နာရေးတွင် ကျန်ရစ်သူ မိသားစုကိုပါ ဆင့်ခေါ် အကြောင်းကြားခဲ့ကြောင်း၊ စနောက်သူကိုလည်း လူသေမှု အပြင် စစ်စည်းကမ်းများဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။
မိတၳီလာေလတပ္တြင္ က်ည္ဆန္ထည့္ ေမာင္းခ်ိန္ထားသည့္ ေသနတ္ျဖင့္ စေနာက္ရာမွ တပ္ၾကပ္ အိျဖဴခိုင္ က်ည္ထိမွန္ေသဆုံး
မႏၲေလးတိုင္း၊ မိတၱီလာေလတပ္တြင္ က်ည္ဆန္ထည့္ ေမာင္းခ်ိန္ထားသည့္ ေသနတ္ျဖင့္ အခ်င္းခ်င္း စေနာက္ၾကရာမွ တပ္ၾကပ္ အိျဖဴခိုင္ က်ည္ထိမွန္ေသဆုံးသြားေၾကာင္း စစ္တပ္သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။ ေမလ ၃၀ ရက္ေန႔တြင္ က်ည္ဆန္ထည့္ ေမာင္းခ်ိန္ထားသည့္ ေသနတ္ျဖင့္ ပစ္ခတ္သည့္ပုံစံ စေနာက္ၾကရာမွ က်ည္ထြက္ၿပီး တပ္ၾကပ္ အိျဖဴခိုင္ကို ထိမွန္ကာ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း၊ ေသနတ္ေမာင္းခ်ိန္၍ စေနာက္ခဲ့သူကိုလည္း ဖမ္းဆီးအခ်ဳပ္ခ်ထားေၾကာင္း သိရွိရသည္။
“သူနဲ႔ ရင္းႏွီးတဲ့ စစ္သားက ေသနတ္က်ည္ထိုးထားတာကို မသိဘဲ သြားစတာ။ က်ည္ထြက္ၿပီး အိျဖဴခိုင္ကို မွန္တယ္။ တစ္ခါတည္း ပြဲခ်င္းၿပီး ဆုံးပါတယ္။ စေနာက္သူလည္း အဖမ္းခံထားရတယ္” ဟု စစ္တပ္သတင္းရင္းျမစ္က ေျပာသည္။
မိတၱီလာေလတပ္မွ တပ္ၾကပ္ အိျဖဴခိုင္သည္ အိမ္ေထာင္မရွိ အပ်ိဳတစ္ဦးျဖစ္ၿပီး ၎၏ နာေရးတြင္ က်န္ရစ္သူ မိသားစုကိုပါ ဆင့္ေခၚ အေၾကာင္းၾကားခဲ့ေၾကာင္း၊ စေနာက္သူကိုလည္း လူေသမႈ အျပင္ စစ္စည္းကမ္းမ်ားျဖင့္ အေရးယူမည္ျဖစ္ေၾကာင္း သိရွိရသည္။