ဒေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲဟာ
ထိုင်းနိုင်ငံ (၃၇)ကြိမ်မြောက် ရွှေရုပ်မြင်သံကြားဆုပေးပွဲမှာ
“Best Drama Arts Element Award”ဆု ရရှိခဲ့တယ်လို့ People’s Spring က ဖော်ပြပါတယ်။
အဲဒီ ဆုပေးပွဲကို ဇွန်လ ၁၀ ရက်က ဘန်ကောက်မြို့၊အမျိုးသားအနုပညာပြခန်း၊ ယဥ်ကျေးမှုဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်ဒေါင်းက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပေမဲ့ ဆုမရရှိခဲ့ဘဲ
ထိုင်းအမျိုးသားသရုပ်ဆောင်က ဆုကိုရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆုပေးပွဲကို သရုပ်ဆောင်ဒေါင်းက မြန်မာဝတ်စုံနဲ့ တတ်ရောက်ခဲ့ပြီး အမာခံပရိသတ်တွေရဲ့
အမှတ်တရ လက်ဆောင် ကြယ်သီးနဲ့ မြန်မာပြည်မြေပုံ ရင်ထိုးတို့ကို ဝတ်ဆင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲမှာ ဒေါင်းက မြဝတီမင်းကြီး ဦးစအဖြစ် ထိုင်း အနုပညာ ရှင်တွေနဲ့အတူ သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့လအတွင်း ပြုလုပ်ခဲ့တဲ့ Nine Entertainment ဆုပေးပွဲမှာလည်း ဆုနှစ်ဆု ရရှိခဲ့တယ်လို့ People’s Spring က ဖော်ပြပါတယ်။