News

ကမ္ဘာ့ရွှေဈေး အနိမ့်ဆုံးနားကို ကျဆင်းလာ….see more

အမေရိကန်ဗဟိုဘဏ်ဥက္ကဌရဲ့ အတိုးနှုန်း မြှင့်တင်မယ့် လေသံနဲ့အတူ ဒေါ်လာပါ တန်ဖိုး တက်လာတာကြောင့်

ကမ္ဘာ့ရွှေဈေးက မတ်လလယ်နောက်ပိုင်း အနိမ့်ဆုံးနားကို ကျဆင်းသွားပါတယ်။

ကမ္ဘာ့ရွှေပေါက်ဈေးက တစ်အောင်စကို ၁၉၀၃ ဒေါ်လာဝန်းကျင်မှာ ရှိနေပြီး ဒါဟာ မတ်လလယ်နောက်ပိုင်းမှာ အနိမ့်ဆုံးဈေး ဖြစ်နေပါတယ်။

အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၁၉၁၁.၇၀ ဒေါ်လာသာ ရှိနေပါတယ်။

တချိန်တည်းမှာ အမေရိကန်ဒေါ်လာညွှန်းကိန်းက မြင့်မားလာတဲ့အတွက် ဒေါ်လာနဲ့ဈေးဖြတ်တဲ့ ကမ္ဘာ့ရွှေဈေးက တခြားငွေကြေးကိုင်ဆောင်သူတွေအဖို့ တန်ဖိုး ကြီးနေပါတယ်။

အမေရိကန်ဗဟိုဘဏ်အကြီးအကဲက အတိုးနှုန်းအမြင့်တွေကို ကာလရှည်ကြာ ဆက်ထားမယ့်သဘောမျိုးတွေ ပြောလာတဲ့အတွက် ရွှေဈေးကွက်မှာ ဖိအားတွေ များနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေး သိသာမြင်သာ ပြန်ကျလာချိန်မှာ မြန်မာပြည်တွင်း အမြင့်တန်းရောက်နေတဲ့ ပြင်ပရွှေဈေးကလည်း အလားတူ ကျဆင်းမှု ဖြစ်လာပါတယ်။

ပြည်တွင်းမှာ ဒေါ်လာဈေးတက်လို့ ဆိုပြီး အရင်ရက်တွေက တစ်ကျပ်သားကို ကျပ် ၃၂ သိန်း ၇ သောင်းအထိ မြင့်တက်ခဲ့တဲ့ အခေါက်ရွှေဈေးဟာ မနေ့က ကျပ် ၃၂ သိန်း ၃ သောင်းဝန်းကျင်အထိ ပြန်ကျလာပါတယ်။

ပြင်ပရွှေဈေး ပြန်ကျလာပေမဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့ ရည်ညွှန်းရွှေဈေး ကျပ် ၂၂ သိန်းခွဲနဲ့ ယှဉ်ရင် ကျပ် ၉ သိန်းနဲ့ ၁၀ သိန်းဝန်းကျင်လောက်အထိ ကွာဟနေဆဲ ဖြစ်ပါတယ်။ Ref- Reuters စာရေးသူ – ငွေကြယ်