Knowledge

မိတ်ဆွေ ဗေဒင် သွားမေးစရာစိတ်ကူးမိပါသလား ဒါဆိုရင် ငွေမကုန်ပဲ တစ်သက်လုံးအတွက် ယတြာချေနည်းများ..

ဗေဒင် လက္ခဏာတွေ မေးပြီး ယကြာချေရန် ငွေကြေး အခက်အခဲရှိသူများအတွက် အလွယ်ကူဆုံး တသက်သာ ယတြာ ချေနည်းလေး ဖြစ်ပါတယ်။

မွေးသက္ကရာဇ်ကို တည်ပါ

ရောက်ဆဲ သက္ကရာဇ်ဖြင့် ပေါင်းပါ

ပေါင်းရကိန်းကို (၃) နှင့်မြှောက်ပြီး မြှောက်ရကိန်းကို (၇) နှင့်စားပါ

အကြွင်းကို အောက်ပါ လင်္ကာအတိုင် ယတြာချေရန်ဖြစ်ပါသည်။

မီး ၊ ရွှေ ၊ စိုး ၊ ငါး ၊ သံဃာအား ကျွေးငြား ဆွမ်းကိုသာ ၊ ယာယီမမေ့ ၊ အမြန်ရွှေ. ဟူ၍

ဖြစ်သည်။

(၁) ကြွင်းပါက ဆီမီသက်စေ့ ပူဇော်ရပါမည်။

(၂) ကြွင်းပါက ဘုရားတွင် ရွှေသင်္ကန်းကပ်လှူ ပူဇော်ရပါမည်။

(၃) ကြွင်းပါက ရုက္ခစိုးနတ်အား ပူဇော်ပသရပါမည်။

(၄) ကြွင်းပါက ငါး သက်စေ့လွှတ်ရပါမည်။

(၅) ကြွင်းပါက ရဟန်း သံဃာတော်များအားအိမ်တွင်ပင့်ဖိတ်၍ ဆွမ်းကြွေးရပါမည်။

(၆) ကြွင်းပါက ယာယီခရီးထွက်ပေးရပါမည်။

(၇) သို.မဟုတ် (ဝ) ကြွင်းပါက နေထိုင်ရာအရပ်ရွေ.ပြောင်းခြင်း (သို.) အိပ်ရာနေရာပြောင်းအိပ်ရပါမည်

အထက်ပါနည်းလမ်းအတိုင်း နှစ်စဉ်ဆောင်ရွက်ပါက အခက်အခဲများ ကျော်လွှားနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဆိုးကျိုးများပျောက် ကောင်းကျိုးရောက်စေမည် ဖြစ်ရပါလေးမည်။