Knowledge
သားသမီးမထွန်းကားတဲ့သူများ ဆေးလိပ်အသောက်များနေသူများ အတွက် နွယ်နီနတ်ပန်းပင်
သားသမီး မထွန်းကားသူများ၊ ဆေးလိပ်သောက်သူများ အတွက် နွယ်နီနတ်ပန်းပင်
ဂင်ပိတ်ပင်-နွယ်နီနတ်ပန်း ဆေးအာနိသင်များ
၁။ ဂင်ပိတ်ပင်ပါ သွေးဝမ်းသွား ၊ အဆုတ် သန့်စင် ၊ သလိပ်စင် ၊သွေးသန့်တဲ့ နေရာတွေမှာ အသုံးပြုလို့ရပါတယ် ။ အသုံးတည့်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆေးများစွာ ဓါတ်စာများစွာ မှာ သုံးပါတယ် ။
၂။ သား၊သမီး ထွန်းကားဖို့အတွက် ဟင်းချို ချက်သောက်ရပါတယ်။
၃။ ပန်းနာ၊ရင်ကြပ်အတွက်ဘဲဥနဲ့ကျော်စား ပေးပါ။
၄။ ဆေးလိပ်သောက်သူတွေ ဆေးဂျိုးတွေ ကျစေဖို့ တစ်ပါတ်မှာ သုံးရက်လောက် ဟင်းချို ချက်သောက်ပေးပါ။
သတိ သွေးတိုးရောဂါရှိသူများ အသုံးမပြုသင့်ပါ။
ဆေးဖက်ဝင် အပင်များအကြောင်း
ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိအေးချမ်းသာယာ သလို လောကသားအားလုံး အေးချမ်း သာယာပါစေ အသိမှန် အမြင်မှန်များဖြင့် ကျန်ရှိသောဘဝကို လှပစွာ ဖြတ်သန်းနိုင်ကြပါစေလို ဆုမွန်းကောင်းတောင်းပေးပါတယ်။
“နွယ်နီနတ်ပန်းပင် (ခ) ဂင်ပိတ်ပင် ”
သဘာဝ ဆေးဘက်ဝင်ပုံနှင့် နွယ်နီနတ်ပန်းအပင်ကို ယခုမှ လေ့လာမှုရရှိ၍ ဗဟုသုတအဖြစ် မျှဝေမှုပြုလိုက်ရပါသည် ငယ်စဉ်က ကြားဖူးနားဝသာ ရှိခဲ့ဘူးပါသည် …..ဆေးဘက်ဝင်ပုံမှာ ပဉ္စငါးပါးလုံး အသုံးပြုလို့ရပါသည်။
အရွက်ကို သုပ်၍စားခြင်း /ဟင်းချက်စားသုံးမှု ပြုခြင်းဖြင့် ခန္ဓာကိုယ်မှ ကုန်ဆုံးသွားသောအားအင်တို့ကို ပြန်လည် ဖြည့်စီးပေးနိုင်သော အစွမ်းသတ္တိရှိပါသည်။
နွယ်နီနတ်ပန်းဂုဏ်သတ္တိမှာ ပျားရည်ဖြင့်နှပ်၍စားသုံးခြင်းပြုပါက ကင်ဆာဝဒေနာတို့ကိုသက်သာပျောက်ကင်းနိုင်သည်ဟုလေ့လာသိရှိရ၍ မိတ်ဆွေ/ရောင်းရင်းတို့ကိုမျှဝေမှုပြုပေးလိုက်ရပါသည်…
စိတ္တသုခ/ကာယသုခ အဖြာဖြာတို့နှင့် ပြည့်စုံနိုင်ကြပြီး ကျန်းမာပျော်ရွှင်သော မိသားစုဘဝတို့ကို ပိုင်ဆိုင်နိုင်ကြပါစေ ။
#မေတ္တာ ၊ ကရုဏာဖြင့် သုတလုလင် နတ်ရှားစောင်းမြန်မာ့တိုင်းရင်းဆေး