လူတိုင်းက ချမ်းသာချင်ကြတာ အမှန်ပါတယ်။ ကြိုးလည်း ကြိုးစားကြပါတယ်။
သို့ပေမဲ့ လူတော်တော်များများကို မေးကြည့်လိုက်ရင် ငါတစ်နေ့ ချမ်းသာရမယ်လို့ပဲ ဖြေကြတယ်။
တိကျတဲ့ အဖြေတစ်ခုကို မရဘူး။ တစ်နေ့ကြရင် ဆိုတော့ နောင် (၅) နှစ် (၁၀) နှစ်လဲ မသေချာပါဘူး။
ဒီလိုပဲ ကြိုးစားရင်းနဲ့ အချိန်တွေ ကုန်သွားကြတော့မှာပါပဲ။
ကိုယ်ကတကယ် အောင်မြင် ကြီးပွား ချမ်းသာချင်ရင်တော့ တိကျတဲ့ အဖြေတစ်ခုရှိဖို့ လိုပါတယ်။
၁။ “ကိုယ်က ငွေပမာဏ ဘယ်လောက်ထိ ပိုင်ဆိုင်ချင်တာလဲ ဆိုတာ သိရပါမယ်”
၂။ “အဲ့ဒီ ငွေပမာဏကို ဘယ်အချိန်မှာ ပိုင်ဆိုင်ချင်တာလဲဆိုတာ သိနိုင်ပါတယ်”
၃။ “ကိုယ်လိုချင်တဲ့ ငွေပဏနဲ့ အချိန်အတိုင်းအတာကို စာအုပ်ထဲမှာ ချရေးပေးရပါမယ်”
၎။ “ကိုယ်လိုချင်တဲ့ ပမာဏနဲ့ အချိန်ကိုတွက်ပြီး ပထမနှစ်မှာ ဘယ်လောက်၊ ဒုတိယနှစ်မှာဘယ်လောက်ဆိုပြီး နှစ်အလိုက် ပြန်ခွဲရေးပါ”
၅။ “(၁) နှစ်မှာ ဘယ်လောက်ရှာရမယ်ဆိုတာကို သိပြီဆိုတာနဲ့ ကိုယ့်လက်ရှိ အလုပ်နဲ့ ဝင်ငွေက ထိုပမာဏကို မရနိုင်သေးဘူးဆိုရင်
ကိုယ်ကနောက်ထက် ထိုပမာဏကို ရနိုင်မဲ့ အလုပ် ဝင်ငွေတွေကို ထပ်ပြီး ဖန်တီးပေးရပါမယ်”
ဒါကြောင့် (၅) နှစ်အတွင်းမှာ အောင်မြင် ချမ်းသာ ချင်တယ်ဆိုရင် ကိုယ်လိုချင်တဲ့ ငွေပမာဏနဲ့ အချိန်ကို (၁) နှစ်စီ ခွဲချမ်းစိတ်ဖြာပြီး ချရေးပါ။
(၁) နှစ်မှာ ဘယ်လောက် ဝင်ငွေရှာရမယ် ဆိုတာကို သိတာနဲ့ လက်ရှိ (၁) လဝင်ငွေက မမှီဘူးဆိုရင် နောက်ထက် အလုပ်ပြောင်းဖို့နဲ့ အပိုဝင်ငွေရဖို့ကို ရဲရဲဝံ့ဝံ့နဲ့ ဆုံးဖြတ်ချက် ချရပါတော့မယ်။
မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်။
လေးစားစွာဖြင့်