သြဂုတ် ၆၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3380 – 3400
ဥရောပယူရို 3650 – 3760
ဗြိတိသျှစတာလင်ပေါင် 4140 – 4260
သြစတြေးလျဒေါ်လာ 2160 – 2225
ဂျပန်ယန်း 23.23 – 24.00
တောင်ကိုရီးယားဝမ် 2.53 – 2.61
အိန္ဒိယရူပီး 40.02 – 41.19
စင်ကာပူဒေါ်လာ 2440 – 2515
မလေးရှားရင်းဂစ် 730 – 750
တရုတ်ယွမ် 455 – 470
ထိုင်းဘတ် 95.25 – 98.05
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3550,000 – 3560,000 ကျပ်တွင် ရှိနေပြီး ၁၅ ပဲရည်ရွှေဈေးသည် 3335,000 ကျပ်ခန့် ရှိနေသည်
ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပရွှေဈေးသည် 3550,000 – 3570,000 ကျပ် ဖြစ်ခဲ့သည်။ ယနေ့သည် တနင်္ဂနွေနေ့ ပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန် ရွှေလုပ်ငန်းရှင်များ အသင်း YGEA မှ ရည်ညွှန်းရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ကမ္ဘာ့ရွှေဈေးအပိတ်မှာ တစ်အောင်စလျှင် 1942 ဒေါ်လာ ဖြစ်သည်။