News

ယနေ့ စနေနေ့(၁၉.၈.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

သြဂုတ် ၁၉၊ ၂၀၂၃ (စနေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို

စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3900 – 3955
ဥရောပယူရို 4090 – 4240
ဗြိတိသျှစတာလင်ပေါင် 4790 – 4960

သြစတြေးလျဒေါ်လာ 2400 – 2490
ဂျပန်ယန်း 25.98 – 27.07

တောင်ကိုရီးယားဝမ် 2.81 – 2.93
အိန္ဒိယရူပီး 45.43 – 47.32

စင်ကာပူဒေါ်လာ 2790 – 2880
မလေးရှားရင်းဂစ် 812 – 846

တရုတ်ယွမ် 522 – 540
ထိုင်းဘတ် 107.15 – 111.00

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3900,000 – 3950,000 ကျပ်ဝန်းကျင်တွင် ရှိနေပြီး ၁၅ ပဲရည်ရွှေဈေးသည် 3700,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပရွှေဈေးသည် 3905,000 – 3915,000 ကျပ် ဖြစ်ခဲ့ပြီး အရောင်းအဝယ် ကာလအတွင်း ကျပ် 39 သိန်းခွဲ နှင့် သိန်း 40 ကြားထဲအထိ မြင့်တက်ခဲ့ပြီးမှ ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် ရန်ကုန် ရွှေလုပ်ငန်းရှင်များ အသင်း YGEA ၏ ရည်ညွှန်းရွှေဈေးမှာ 2225,400 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1889 ဒေါ်လာခန့် ဖြစ်သည်။