နိုဝင်ဘာ ၁၀၊ ၂၀၂၃ (သောကြာနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3290 – 3330
ဥရောပယူရို 3450 – 3550
ဗြိတိသျှစတာလင်ပေါင် 3950 – 4060
သြစတြေးလျဒေါ်လာ 2055 – 2120
ဂျပန်ယန်း 21.38 – 22.00
တောင်ကိုရီးယားဝမ် 2.45 – 2.55
အိန္ဒိယရူပီး 38.80 – 39.90
စင်ကာပူဒေါ်လာ 2390 – 2430
မလေးရှားရင်းဂစ် 680 – 700
တရုတ်ယွမ် 445 – 455
ထိုင်းဘတ် 91.35 – 93.00
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3505,000 – 3510,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3300,000 ကျပ်ခန့် ရှိနေသည်
ကမ္ဘာ့ရွှေဈေး ပြန်ကျသော်လည်း မြန်မာ့ရွှေဈေး မြင့်နေသည်။ ယမန်နေ့ (ကြာသပတေးနေ့) က ရွှေဈေးသည် ကျပ် 3480,000 – 3490,000 ဖြင့် စဖွင့်ပြီး 3520,000 အထိ မြင့်တက်ပြီးမှ 35 သိန်းဖြင့် ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3063,300 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1959 ဒေါ်လာခန့် ဖြစ်သည်။