News

ကမ္ဘာ့ရွှေဈေး သုံးပတ်အတွင်း အနိမ့်ဆုံး ကျလာပေမဲ့ ပြည်တွင်းရွှေဈေး တည်ငြိမ်….

ရွှေကုန်သည်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်မယ့် အမေရိကရဲ့ ငွေဖောင်းပွမှုညွှန်းကိန်း CPI အခြေအနေကို

စောင့်ကြည့်နေကြပြီး ဒီညွှန်းကိန်းပေါ် မူတည်ပြီးတော့ ဗဟိုဘဏ်က ငွေကြေးမူဝါဒကို ဘယ်လို သဘောထားမလဲဆိုတာ ပုံဖော်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း ဖြတ်တောက်ရေးကို အလောတကြီး မလုပ်တော့ဘူးလို့ ယူဆကြပြီး ဒီအချက်ပေါ် မူတည်ပြီးတော့

ရွှေဈေးကွက်မှာ ဈေးကစားရောင်းဝယ်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေး သိသာမြင်သာ ထိုးကျလာပေမဲ့ မြန်မာပြည်တွင်း ရွှေဈေးကတော့ လိုက်ပါ ကျဆင်းမှု မရှိတော့ဘဲ တစ်ကျပ်သားကို ကျပ် ၃၇ သိန်းပတ်လည်မှာသာ တည်ငြိမ်နေပါတယ်။ ပြင်ပဒေါ်လာဈေး ခိုင်မာနေတဲ့အတွက် ရွှေဈေး လိုက်မကျဘဲ ငြိမ်နေတာလို့ သုံးသပ်ကြပါတယ်။စာရေးသူ – ငွေကြယ်

ေရႊကုန္သည္ေတြ၊ ရင္းႏွီးျမႇုပ္ႏွံသူေတြက ဒီေန႔ညပိုင္းမွာ ထုတ္ျပန္မယ့္ အေမရိကရဲ့ ေငြေဖာင္းပြမႈညႊန္းကိန္း CPI အေျခအေနကို

ေစာင့္ၾကည့္ေနၾကၿပီး ဒီညႊန္းကိန္းေပၚ မူတည္ၿပီးေတာ့ ဗဟိုဘဏ္က ေငြေၾကးမူဝါဒကို ဘယ္လို သေဘာထားမလဲဆိုတာ ပုံေဖာ္သြားမွာ ျဖစ္ပါတယ္။

အေမရိကန္ဗဟိုဘဏ္အေနနဲ႔ အတိုးႏႈန္း ျဖတ္ေတာက္ေရးကို အေလာတႀကီး မလုပ္ေတာ့ဘူးလို႔ ယူဆၾကၿပီး ဒီအခ်က္ေပၚ မူတည္ၿပီးေတာ့

ေရႊေဈးကြက္မွာ ေဈးကစားေရာင္းဝယ္တာေတြ ျဖစ္ေပၚေနတယ္လို႔ ဆိုပါတယ္။

ကမၻာ့ေရႊေဈး သိသာျမင္သာ ထိုးက်လာေပမဲ့ ျမန္မာျပည္တြင္း ေရႊေဈးကေတာ့ လိုက္ပါ က်ဆင္းမႈ မရွိေတာ့ဘဲ တစ္က်ပ္သားကို က်ပ္ ၃၇ သိန္းပတ္လည္မွာသာ တည္ၿငိမ္ေနပါတယ္။ ျပင္ပေဒၚလာေဈး ခိုင္မာေနတဲ့အတြက္ ေရႊေဈး လိုက္မက်ဘဲ ၿငိမ္ေနတာလို႔ သုံးသပ္ၾကပါတယ္။စာေရးသူ – ေငြၾကယ္