ဇန်နဝါရီ ၃ ၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3425 – 3460
ဥရောပယူရို 3670 – 3740
ဗြိတိသျှစတာလင်ပေါင် 4300 – 4450
သြစတြေးလျဒေါ်လာ 2250 – 2330
ဂျပန်ယန်း 23.25 – 24.25
တောင်ကိုရီးယားဝမ် 2.50 – 2.65
အိန္ဒိယရူပီး 39.90 – 41.30
စင်ကာပူဒေါ်လာ 2530 – 2620
မလေးရှားရင်းဂစ် 700 – 750
တရုတ်ယွမ် 455 – 480
ထိုင်းဘတ် 98.00 – 100.00
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3710,000 – 3725,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3510,000 ကျပ်ခန့် ရှိနေသည်
ယမန်နေ့က ပြင်ပရွှေဈေးသည် ကျပ် 3710,000 – 3720000 ဝန်းကျင်ဖြင့် စတင် ဈေးဖွင့်ပြီးနောက် ကျပ် 3715,000 – 3725000 သို့ မြင့်လာပြီး ညနေပိုင်းတွင် 3720,000 ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3685,800 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2063 ဒေါ်လာခန့် ဖြစ်သည်။
YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသည့်အတွက် YGEA ရွှေဈေးနှင့် ပြင်ပရွှေဈေးကြား ကွာဟချက် ကျဉ်းလာသည်။