သီရိမင်္ဂလာစျေး ဓမ္မာရုံအလှူခံမဏ္ဏပ်အမိုးအောက်မှာ ခိုနားနေရတဲ့ ဆင်ဂယ်မားသားလေးတယောက်ရှိပါတယ်။ နာမည်က သူဇာဝင်းတဲ့။ကလေးကမွေးကာစက ၃ပေါင်ဘဲရှိပါတယ်။ အခုမှရက်သားလေးဘဲ ရှိပါသေးတယ်ရှင်။ စျေးသူစျေးသားတွေကောင်းမှုကြောင့် ကလေးလေးတော့ မွေးနိုင်ခဲ့ပြီပေါ့။
ဧရာဝတီတိုင်း ရေကြည် အသုတ် ကလို့ပြောပါတယ်။ မိဘတွေဖုန်းနံပါတ်လည်းမသိတော့ပါဘူး။ ဦးလှစိုးနဲ့ဒေါ်လှလှဝင်းတို့ရဲ့သမီးပါ။ အလုပ်လုပ်ဖို့ရန်ကုန်ကိုရောက်လာတော့ ၁၈နှစ်လောက်ကပါ။ ပထမအုတ်သယ်တဲ့အလုပ်လုပ်နေရာက သီရိမင်္ဂလာစျေး ဖရဲသီးဒိုင်မှာအလုပ်ပြောင်းလုပ်ပါတယ်။ နေစရာမရှိတော့ စျေးမှာနေ စျေးမှာစား စျေးမှာအိပ်ရင်းနဲ့ သူ့လိုဘဲအလုပ်ကြမ်းလုပ်တဲ့ လှိုင်သာယာက ကိုဖြိုးဆိုသူနဲ့ချစ်ကြိုက်ခဲ့ပါတယ်တဲ့။ ကိုယ်ဝန်ရှိလာတော့ သကောင့်သားက ရှောင်သွားပါတယ်။ ဗိုက်တကားကားနဲ့အလုပ်လုပ်နေခဲ့ပြီး စျေးသူစျေးသားတွေကောင်းမှုနဲ့ကလေးလေးတော့မွေးပါပြီ။ ကလေးကိုဘယ်သူ့ကိုမှမပေးပါဘူး။ သူမွေးမှာပါတဲ့။
သွေးနုသားနုမှာမျက်နှာတွေအန်း၊ အသားတွေဝါပြီး နည်းနည်းဖောရောင်နေပါတယ်။နေသိပ်မကောင်းပါဘူး။ မိဘတွေများတွေ့ခဲ့လို့ လာခေါ်မယ်ဆိုအိမ်ပြန်ချင်ပါတယ်တဲ့။ သူ့ဖာသာမပြန်တတ်ပါ။ လှူချင်သူများရှိရင် သွားလှူလို့ရပါတယ်။ ကျမဆီကတဆင့်လှူလည်းရပါတယ်။ သွားကြည့်ပေးနေတဲ့ ကိုပိုင်မြင့်မိုနဲ့ညီမဝတ်ရည်လှိုင်ဆီကတဆင့်လှူလည်းရပါတယ်။ မိဘဆီကို အသက်၂၀အရွယ် ကောင်မလေးသူဇာဝင်းနဲ့ရက်သားကလေးငယ်လေးကို ပြန်ပို့ပေးချင်ပါတယ်။ ကျမ မီဒီယာဆီမှာလည်းအကူအညီတောင်းကြည့်ပါဦးမယ်။
လောလောဆယ်တော့ဓမ္မာရုံအလှူခံမဏ္ဏပ်အမိုးအောက်မှာ နေနေတာကို စျေးသူစျေးသားတွေ ဝိုင်းကြည့်ပေးထားပါတယ်။ လုံခြုံမှုတော့အားနည်းတာပေါ့။ နားခိုရာက လကုန်ပြောင်းမှာမို့ ဒီတပတ်ထဲကူညီခေါ်ထားဖို့ မဖြစ်သေးလို့ပါ။အဝတ်အစားလိုပါတယ်။ကလေးအသုံးအဆောင်လိုပါတယ်။ အစားအသောက်လိုပါတယ်။ အမိုးအကာကတော့မိဘရင်ခွင်ဆီပြန်ချင်နေပါတယ်။မပြန်တတ်ပါ။ ကာယကံရှင်ခွင့်ပြုချက်ဖြင့် မျက်နှာမဖျက်ထားပါ။ မိဘဆွေမျိုးများမြင်ပါက ကိုပိုင်မြင့်မိုထံဆက်သွယ်ပေးပါ။
09680060052 (wave and kpay)
09966953156 (ကလေးပစ္စည်းပို့ရန်) Paing Myint Mo
သီရိမဂၤလာေစ်း ဓမၼာ႐ုံအလႉခံမဏၰပ္အမိုးေအာက္မွာ ခိုနားေနရတဲ့ ဆင္ဂယ္မားသားေလးတေယာက္ရွိပါတယ္။ နာမည္က သူဇာဝင္းတဲ့။ကေလးကေမြးကာစက ၃ေပါင္ဘဲရွိပါတယ္။ အခုမွရက္သားေလးဘဲ ရွိပါေသးတယ္ရွင္။ ေစ်းသူေစ်းသားေတြေကာင္းမႈေၾကာင့္ ကေလးေလးေတာ့ ေမြးႏိုင္ခဲ့ၿပီေပါ့။
ဧရာဝတီတိုင္း ေရၾကည္ အသုတ္ ကလို႔ေျပာပါတယ္။ မိဘေတြဖုန္းနံပါတ္လည္းမသိေတာ့ပါဘူး။ ဦးလွစိုးနဲ႔ေဒၚလွလွဝင္းတို႔ရဲ႕သမီးပါ။ အလုပ္လုပ္ဖို႔ရန္ကုန္ကိုေရာက္လာေတာ့ ၁၈ႏွစ္ေလာက္ကပါ။ ပထမအုတ္သယ္တဲ့အလုပ္လုပ္ေနရာက သီရိမဂၤလာေစ်း ဖရဲသီးဒိုင္မွာအလုပ္ေျပာင္းလုပ္ပါတယ္။ ေနစရာမရွိေတာ့ ေစ်းမွာေန ေစ်းမွာစား ေစ်းမွာအိပ္ရင္းနဲ႔ သူ႔လိုဘဲအလုပ္ၾကမ္းလုပ္တဲ့ လႈိင္သာယာက ကိုၿဖိဳးဆိုသူနဲ႔ခ်စ္ႀကိဳက္ခဲ့ပါတယ္တဲ့။ ကိုယ္ဝန္ရွိလာေတာ့ သေကာင့္သားက ေရွာင္သြားပါတယ္။ ဗိုက္တကားကားနဲ႔အလုပ္လုပ္ေနခဲ့ၿပီး ေစ်းသူေစ်းသားေတြေကာင္းမႈနဲ႔ကေလးေလးေတာ့ေမြးပါၿပီ။ ကေလးကိုဘယ္သူ႔ကိုမွမေပးပါဘူး။ သူေမြးမွာပါတဲ့။
ေသြးႏုသားႏုမွာမ်က္ႏွာေတြအန္း၊ အသားေတြဝါၿပီး နည္းနည္းေဖာေရာင္ေနပါတယ္။ေနသိပ္မေကာင္းပါဘူး။ မိဘေတြမ်ားေတြ႕ခဲ့လို႔ လာေခၚမယ္ဆိုအိမ္ျပန္ခ်င္ပါတယ္တဲ့။ သူ႔ဖာသာမျပန္တတ္ပါ။ လႉခ်င္သူမ်ားရွိရင္ သြားလႉလို႔ရပါတယ္။ က်မဆီကတဆင့္လႉလည္းရပါတယ္။ သြားၾကည့္ေပးေနတဲ့ ကိုပိုင္ျမင့္မိုနဲ႔ညီမဝတ္ရည္လႈိင္ဆီကတဆင့္လႉလည္းရပါတယ္။ မိဘဆီကို အသက္၂၀အ႐ြယ္ ေကာင္မေလးသူဇာဝင္းနဲ႔ရက္သားကေလးငယ္ေလးကို ျပန္ပို႔ေပးခ်င္ပါတယ္။ က်မ မီဒီယာဆီမွာလည္းအကူအညီေတာင္းၾကည့္ပါဦးမယ္။
ေလာေလာဆယ္ေတာ့ဓမၼာ႐ုံအလႉခံမဏၰပ္အမိုးေအာက္မွာ ေနေနတာကို ေစ်းသူေစ်းသားေတြ ဝိုင္းၾကည့္ေပးထားပါတယ္။ လုံၿခဳံမႈေတာ့အားနည္းတာေပါ့။ နားခိုရာက လကုန္ေျပာင္းမွာမို႔ ဒီတပတ္ထဲကူညီေခၚထားဖို႔ မျဖစ္ေသးလို႔ပါ။အဝတ္အစားလိုပါတယ္။ကေလးအသုံးအေဆာင္လိုပါတယ္။ အစားအေသာက္လိုပါတယ္။ အမိုးအကာကေတာ့မိဘရင္ခြင္ဆီျပန္ခ်င္ေနပါတယ္။မျပန္တတ္ပါ။ ကာယကံရွင္ခြင့္ျပဳခ်က္ျဖင့္ မ်က္ႏွာမဖ်က္ထားပါ။ မိဘေဆြမ်ိဳးမ်ားျမင္ပါက ကိုပိုင္ျမင့္မိုထံဆက္သြယ္ေပးပါ။
09680060052 (wave and kpay)
09966953156 (ကေလးပစၥည္းပို႔ရန္) Paing Myint Mo