News

ဒေါ်လာဈေး၊ ရွှေဈေးတွေ အမြင့်ဆုံးရောက်ခဲ့တဲ့ဈေးတန်းကနေ ပြန်ကျလာ…see more

အခု သြဂုတ်လတလျှောက်လုံး တက်ဈေးချည်း ဖြစ်ခဲ့တဲ့ ဒေါ်လာဈေး၊ ရွှေဈေးတွေဟာ စနေနေ့က

ဗဟိုဘဏ်နဲ့တာဝန်ရှိအသင်းအဖွဲ့တွေ အစည်းအဝေး ထိုင်ပြီးတဲ့နောက်မှာ တရိပ်ရိပ် ပြန်ကျလာတယ် လို့ သိရပါတယ်။

ဒီနေ့ သြဂုတ် ၂၁ ရက်၊ တနင်္လာနေ့ ဈေးဖွင့်ရက်မှာ ပြင်ပငွေကြေးဈေးကွက်က အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းဟာ
တစ်ဒေါ်လာကို ၃၈၅၀ ဝန်းကျင်သာ ရှိတော့တဲ့အတွက် အရင်အပတ်က ဖြစ်ပေါ်ခဲ့တဲ့ ၃၉၀၀ ကျော်ဈေးနဲ့ ယှဉ်ရင် ပြန်ကျသွားပါတယ်။

အလားတူ ပြင်ပရွှေ (အကယ်ဒမီမီးလင်းရွှေ) ဈေးကလည်း အရင်အပတ်က တစ်ကျပ်သားကို ကျပ် ၃၉ သိန်းခွဲအထက် ရောက်ခဲ့ရာကနေ ဒီနေ့မှာတော့ ကျပ် ၃၈ သိန်းအောက်အထိ ပြန်ကျသွားတယ်လို့ သိရပါတယ်။

“အခုအ‌ခြေအနေမှာ အရောင်းအဝယ် မလောဖို့၊ မမှားဖို့ သတိထားကြပါ။ မြန်မာငွေဈေး အနည်းငယ် တက်ပါတယ်။ ဟိုးအရင်လို ဈေးတန်းထိ ပြန်ရောက်ဖို့ကတော့ မလွယ်လောက်သေးဘူးလို့ မြင်မိတယ်။ အခုဈေးတန်းကနေ ပြန်ကျရင် နည်းနည်း၊ ထပ်တက်ရင် နည်းနည်းလောက်ပဲ”လို့ ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ပကုန်သွယ်ရေးအတွက် ငွေပေးချေမှုဆိုင်ရာ ကိစ္စများ အစည်းအဝေးမှာ ဗဟိုဘဏ်ဥက္ကဋ္ဌက နိုင်ငံခြားငွေလဲနှုန်းတွေ မြင့်တက်အောင် အွန်လိုင်းနဲ့ Social Media ပေါ်မှာ လှုံ့ဆော် ရေးသားဖြန့်ဝေနေတာ၊ ဈေးကစားတာနဲ့ နဲ့ ဟွန်ဒီလုပ်ငန်းတွေကို အရေးယူဖို့ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ဒေါ်လာ ရနေသူတွေဟာ ၆ လ ကိုင်ဆောင်ခွင့် ရမှာ ဖြစ်ပြီး ၆ လ ကျော်တာနဲ့ အဲဒီငွေတွေကို ဈေးကွက်ပေါက်ဈေးနဲ့ ဖြစ်စေ၊ ဘဏ်စာရင်းထဲ ထည့်ပြီးတော့ ဖြစ်စေ လဲလှယ် ရောင်းချပေးရမယ် လို့ ဗဟိုဘဏ်က ကြေညာချက် ထုတ်လာပြီး အများပြည်သူတွေအနေနဲ့ နိုင်ငံခြားငွေကို ခွင့်ပြုချက်၊ လိုင်စင် မရှိဘဲ လက်ဝယ် ကိုင်ဆောင်ထားတာကို တွေ့ရင် အရေးယူမယ် လို့ သတိပေးထားပါတယ်။