News

ပုဂံဘုရားဖူးလာတဲ့ Express ကားကြီးပေါ်မှာ ထိပ်လန့်စရာဖြစ်လို့ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးရတဲ့အဖြစ်….


ရန်ကုန်ကလာတဲ့ ဘုရားဖူးExpress ကားကြီးတစ်စီး ပုဂံကိုမနက်စောစော ဝင်လာတယ်။

စင်းလုံးငှားပြီး ဘုရားဖူးထွက်လာပုံရတယ်။

ကားပေါ်မှာလည်း ခရီးသည်အပြည့်ပဲ။

ဒီလိုနဲ့ ပုဂံရောက်ပြီး မြင်းကပါရွာနဲ့ ပုဂံမြို့ဟောင်းကြားကိုအဖြတ် အနောက်ဆုံးတန်းမှာ ထိုင်လာတဲ့ခရီးသည် သုံးလေးယောက်ဟာ အသံဆူဆူညံညံထွက်လာတယ်။

အသံတွေဟာ ပိုကျယ်လောင်လာပြီး ငိုသံတွေပါလာလို့ အခြားခရီးသည်တွေရော ကားသမားပါအထိတ်တလန့်ဖြစ်ပြီး ကားကို နီးစပ်ရာဘုန်းကြီးကျောင်းထဲ ဝင်ထိုးလိုက်ရတယ်။

အဲဒီမှာ ကျောင်းထဲက ဆရာတော်ဘုရားထွက်လာပြီး ဘာဖြစ်လို့ငိုတာလဲ မေးတဲ့အခါ နောက်ဆုံးတန်းက ခပ်ဝဝမိန်းကလေးတစ်ဦးက ထဖြေတယ်…

” ဗိုက်ဆာလို့ငိုတာပါ ဘုရား တပည့်တော်မ ဘာမှမစားရတာ ကြာပြီဘုရား ”တဲ့

ဒါနဲ့ ဆရာတော်ဘုရားက ” ဟဲ့…နင်ကဘယ်သူလဲ၊ ဘယ်ကလဲ ” မေးတော့

” တပည့်တော်မ ရန်ကုန်ကပါဘုရား ညထဲက ၁၀၅မိုင်မှာ တစ်ခါပဲစားခဲ့ရပြီး အမြန်လမ်းပေါ် စစ်ဆေးရေးဂိတ်မှာ ကားအားလုံး ညအိပ်ခဲ့ရတာမို့ အခုထိ ဘာမှမစားရသေးဘူးဘုရား ” လို့ပြန်ဖြေတယ်

အဲတော့မှ ဆရာတော်ဘုရားလည်း ရန်ကုန်သူတွေ ဗိုက်ဆာရင်ကြောက်စရာကြီးပါလား

တစ်ကားလုံး အထိတ်တလန့်ဖြစ်အောင်ထိ ငတ်ကြီးကျပါလားဆိုပြီး သံဝေဂ ရသွားခဲ့တယ်။

#ပုဂံမျှော်ခင်းပုဂံရှုခင်း #ရန်ကုန်သူ #ပုဂံ

စာကြွင်း: : မနက်အစောကြီး ထမင်းဆိုင်တွေမဖွင့်သေးလို့ ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းအကျန်

ဟင်းပေါင်းတွေ တောင်းစားသွားပါတယ် ဇလုံနဲ့ နှစ်လုံးအပြည့်ကြီး