News

ယနေ့ တနင်္ဂနွေ(၂၇.၈.၂၀၂၃) နေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ယနေ့ သြဂုတ် ၂၇၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို

စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3650 – 3715
ဥရောပယူရို 3850 – 3990

ဗြိတိသျှစတာလင်ပေါင် 4490 – 4650
သြစတြေးလျဒေါ်လာ 2290 – 2370
ဂျပန်ယန်း 24.35 – 25.37

တောင်ကိုရီးယားဝမ် 2.69 – 2.80
အိန္ဒိယရူပီး 43.17 – 44.97
စင်ကာပူဒေါ်လာ 2660 – 2740
မလေးရှားရင်းဂစ် 770 – 802

တရုတ်ယွမ် 493 – 508
ထိုင်းဘတ် 102.66 – 105.83

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3750,000 – 3780,000 ကျပ်ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည်ရွှေဈေးသည် 3550,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပရွှေဈေးသည် 3765,000 – 3775,000 ကျပ် ဖြစ်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း ရွှေအရောင်းအဝယ်များ အေးနေသည်ဟု သိရပြီး လာမည့် စက်တင်ဘာမှ စတင်ကာ ယခင်နှစ်များအတိုင်း ရွှေဈေးများ ပြန်အေးလာဖွယ် ရှိသည်ဟု ခန့်မှန်းနေကြသည်။

ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA မှ ရည်ညွှန်းရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။