News

Dollar price for today Monday (19.2.2024) Gold prices and foreign exchange rates

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄ (တနင်္လာန့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3560 – 3600
ဥရောပယူရို 3755 – 3820

ဗြိတိသျှစတာလင်ပေါင် 4500 – 4650
သြစတြေးလျဒေါ်လာ 2270 – 2350

ဂျပန်ယန်း 23.50 – 24.10

တောင်ကိုရီးယားဝမ် 2.60 – 2.70
အိန္ဒိယရူပီး 42.40 – 43.10
စင်ကာပူဒေါ်လာ 2600 – 2660
မလေးရှားရင်းဂစ် 740 – 760
တရုတ်ယွမ် 470 – 485
ထိုင်းဘတ် 100.00 – 102.00

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3900,000 ကျပ်ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3680,000 ခန့် ရှိနေသည်။ (ရွှေဈေးကွက်တွင် အရောင်းရှားပြီး ပြန်ဝယ်ယူပေးမှုသာ များနေကြောင်း သတင်းကြားသိရသည်)

ပြီးခဲ့သော (စနေနေ့) က ရွှေဈေးသည် ကျပ် 3885,000 – 3895,000 ဝန်းကျင်ဖြင့် ဈေးစဖွင့်ပြီး နောက်ပိုင်းတွင် 3900,500 မှ 3908,000 သို့ ဆက်တက်ကာ ကျပ် 39 သိန်းအပေါ်သို့ အခိုင်အမာ ရောက်ရှိခဲ့သည်

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3637,800 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2021 ဒေါ်လာခန့် ဖြစ်သည်။

ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။