News

Although the domestic gold price is high, trading is slow

ဒီရက်ပိုင်း ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ၃၉ သိန်းဝန်းကျင်အထိ မြင့်လာပေမဲ့ အရောင်းအဝယ် အေးနေတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

“ရွှေက ဈေးနှုန်းတော့ ရှိတယ်။ အရောင်းအဝယ်က အေးတယ်။ အရောင်းအဝယ်လုပ်မယ့်သူတွေက ဈေးကျတာကို စောင့်နေတာ” လို့

ဦးမျိုးမြင့်က ပေါ်ပြူလာသတင်းမှာ ပြောဆိုထားပါတယ်

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကလည်း ရွှေဈေးဟာ ကျပ် ၃၉ သိန်းနားအထိ ရောက်ခဲ့ပြီး ဖေဖော်ဝါရီလအဝင်မှာ ကျပ် ၃၈ သိန်းကျော်အထိ တဟုန်ထိုး ပြန်ကျခဲ့ပေမဲ့ အခု တကျော့ပြန် မြင့်တက်လာတာ ဖြစ်ပါတယ်။

အဲဒီလို ရွှေဈေး မတည်မငြိမ် ဖြစ်နေလို့လည်း ရန်ကုန်က ရွှေဆိုင်တချို့က ရွှေရောင်းချမှုကို ခဏ နားထားပြီး ပြန်ဝယ်ပေးတာမျိုးပဲ လုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ပြည်တွင်းရွှေဈေး မြင့်မားနေပေမဲ့ ကမ္ဘာ့ရွှေဈေးကတော့ ဒေါ်လာ ၂၀၀၀ ဈေးတန်းအောက်အထိ ကျခဲ့တာမျိုး ရှိပြီး ဒီရက်ပိုင်းမှသာ ဒေါ်လာ ၂၀၀၀ အပေါ်ကို ပြန်ရောက်လာပါတယ်။

လက်ရှိမှာ ဈေးအမြင့်တန်း ရောက်နေတဲ့ ရွှေလိုပဲ ပြင်ပငွေကြေးဈေးကွက်က အမေရိကန်ဒေါ်လာဈေးကလည်း အခုဆိုရင် တစ်ဒေါ်လာကို ၃၅၆၀ – ၃၆၀၀ ကျပ်အထိ မြင့်လာတယ်လို့ သိရပါတယ်။ Ref: Local Sources