Health Care

ချိုင်း၊ ပေါင်ခြံနဲ့ ဒူးမည်းနေတာတွေကို ဖြူဝင်းသွားစေမယ့် နည်းလမ်း (၅) မျိုး

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ချိုင်း ၊ ဂုတ် ၊ ပေါင်ခြံ ၊ ဒူး ၊ တံတောင်ဆစ် တွေဟာ တခြား အစိတ်အပိုင်းတွေ နဲ့ ယှဉ်ရင် မည်းနေ

တတ်ပါတယ် ။ ဒီလို မည်းနေတဲ့ အစိတ်အပိုင်းလေး တွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့ နေတယ် ဆိုရင်တော့ ဒီနည်းလမ်း

လေးတွေဟာ သင့်အတွက် အရမ်းကို အသုံးဝင်မှာ ဖြစ်ပါတယ် ။

( ၁ ) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကို ခွဲပြီး အနှစ်ကို ထုတ်ယူလိုက်ပါ ။ ရလာတဲ့ အနှစ်ကို ခန္ဓာကိုယ်ရဲ့ မည်းနေတဲ့ အစိတ်အပိုင်းလေး တွေကို လိမ်းပြီး

မိနစ် ၂၀ အကြာမှာ ရေဆေး ပေးလိုက်ပါ ။ ဒီနည်းလမ်းလေးကို တစ်နေ့ တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးနိုင်ပါတယ် ။

( ၂ ) ပန်းသီးရှာလကာ

ပန်းသီးရှာလကာ ၁ ဇွန်း ၊ ရေ ၂ ဇွန်း နှုန်း ရောပြီး သေသေချာချာလေး မွှေလိုက်ပါ ။ ရလာတဲ့ အရည်ကို ဂွမ်းလေးနဲ့ တို့ပြီး ခန္ဓာကိုယ်ရဲ့

မည်းနေတဲ့ အစိတ်အပိုင်းလေးတွေကို သုတ်လိမ်း ပေးပါ ။ ၁၅ မိနစ် အကြာမှာတော့ ရေလေးနဲ့ ဆေးကြော ပေးလိုက်ရုံပါပဲ ။

တစ်ရက်ခြား တစ်ခါ ပြုလုပ်ပေးနိုင်ပါတယ် ။

( ၃ ) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို ရေနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်လိုက်ပါ ။ ရလာတဲ့ အနှစ်ကို ခန္ဓာကိုယ် ရဲ့ မည်းနေတဲ့ အစိတ်အပိုင်းလေးတွေ အပေါ်

လိမ်းပေးပြီး ခြောက်သွားတဲ့ အထိ ထားလိုက်ပါ ။ ခြောက်သွားရင်တော့ ရေ အနည်းငယ် ဆွတ်ပြီး ချေးတွန်းသလို လေး တွန်းပေးကာ ရေဆေးလိုက်ပါ ။

( ၄ ) သံပုယိုရည်

သံပုယိုရည်နဲ့ သံလွင်ဆီကို ဆတူ ရောစပ်ပြီး ရလာတဲ့ အရည်ကို ညအိပ်ရာ ဝင်ခါနီးတိုင်း ခန္ဓာကိုယ်ရဲ့ မည်းနေတဲ့ အစိတ်အပိုင်းလေး

တွေကို လိမ်းပေးပါ ။ နေ့စဉ် ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် တစ်လ အတွင်း သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့မြင်ရမှာပါ ။ ရေပြန် ဆေးစရာ မလိုပါဘူး ။

( ၅ ) အာလူးရည်

အာလူးကို ကြိတ်ပြီး အရည်ကို ညှစ်လိုက်ပါ ။ ရလာတဲ့ အရည်ကို ခန္ဓာကိုယ်ရဲ့ မည်းနေတဲ့ အစိတ်အပိုင်းလေးတွေ ပေါ်မှာ လိမ်းပြီး မိနစ် ၂၀ အကြာမှာ ရေနွေးလေးနဲ့ ဆေးကြော ပေးလိုက်ရုံပါပဲ ။

Em Em