မျက်နှာပေါ်က အမဲစက်၊ အမာရွတ်၊ မှဲ့ခြောက်၊ နေလောင်ကွက် များကို ၂ ပတ်အတွင်း
သက် သာ ပျောက်ကင်းမည့် ဆေးနည်း လေးကို မျှဝေ ပေးလိုက်ပါတယ် နော်။
လက်တွေ့ စမ်းသပ်ကာလ ၂ပတ်အတွင်း အတော် သက် သာလို့ မျှဝေ ပေးလိုက်ပါသည်။
အားလူး ကို သနပ်ခါးသွေးသလို သွေးပြီး မျက်နှာသစ်ပြီး လိမ်းပါ။ တစောင်းလက်ပတ် ရှိက ထည့်သွေး ပါ။
မရှိလဲ အာလူး နဲ့ ရေနဲ့ သွေးလိမ်း ပါ။ ခြောက်မှ မျက်နှာ ထပ် သစ်ပြီး Cream တခုခု လိမ်းပေးပါ။
လက်တွေ့ စမ်းသပ် ပြီးမှ ဒီပို့စ် ကို တင်လိုက် ပါသည်။ အလွယ်ကူ ဆုံး နည်းလေးပါ။
(အာလူး ပါးပါးကပ်လဲ ရသည်။ ခဏခဏ ကြာက်၍ ဒီနည်းသုံးသည်။)
အမဲစက် များ တဖြည်းဖြည်း ပါးလာပြီး ပန်းရောင် အနေထား သို့ ရောက်ရှိ လာ ပါလိမ့်မည်။ ဆက် လိမ်းပေးပါ။
သွေးပြီးရင် ကျောက်ပြင် ပေါ် ပုံအပါ အတိုင်း မှောက်ထားပါ။ မဲမသွားရန်။
ကျောက်ပြင်သီးသန့် မထား နိုင် ပါက ကြွေပန်းကန်ပြားလေး ထဲ မှောက်ထား ပေးပါ။ တညလုံး လိမ်း မအိပ်ပါနှင့်။
တင်း လွန်းလျှင် မျက်နှာ အသား နုသည့် အတွက် အသား ကွဲနို င်ပါသည်။ လိမ်းပြီး ခြောက်သွားလျှင် မျက်နှာ သစ်ပေး ပါ။
မျက်နှာလိမ်း Cream တခုခု လိမ်းထား ပါ။ လှပ တင့်တယ် ကြပါစေ။