Knowledge

ငှက်ပျောသီးကို ဓာတုဗေဒမှည့်ဆေး ဖျန်းထား၊ မထား အလွယ်တကူခွဲခြားနည်း..

ငှက်ပျောသီးကို စီးတီးမတ်က ဝယ်တာ ဆေးမတို့ ဘူးလို့ အထားခံတယ်လို့ ပြောနေကြလို့ ပြောပြပါမယ်။

အပြင်ကဝယ်တာ သုံးရက်လောက်ဆို ပျော့အိသွားတယ်၊ စီးတီးမတ်ကနေဝယ်တာက အထားခံတယ်နဲ့ ပြောကြတယ်။

တကယ်က သဘာဝအတိုင်းမှည့်ပြီး ပြင်ပအပူချိန်မှာထားတဲ့ ငှက်ပျောသီးက အများဆုံး သုံးရက် လောက်ပဲခံမှာပါ ။ ဆေးဆွတ်လို့ အထားမခံတာ မဟုတ်ပါဘူး။ ဆေးဆွတ်ထားတာကမှ အထားခံတာပါ။

ငှက်ပျောသီး ဆေးဆွတ်မဆွတ် အလွယ်ဆုံး ခွဲနည်းပါ ပြောပြပေးပါမယ် ။

ဆေးဆွတ်ထားတဲ့ ငှက်ပျောသီးက အသီးပါမက အညှာတွေပါ အရောင်လိုက်ပြီး ဝင်းပါတယ်။

ဆေးမဆွတ်ပဲ သဘာဝအတိုင်းမှည့်တဲ့ ငှက်ပျောသီးက အသီးသာအရောင်ဝင်းပြီး အညှာက အစိမ်း ရောင်ပဲ ရှိနေပါမယ်။

ပုံထဲက ပထမပုံက စီးတီးမတ်ကနေ ဝယ်တာဆိုတဲ့ငှက်ပျောသီးပါ။ ဆေးဆွတ်ထားလို့ အညှာပါ အရောင်လိုက်ဝင်းနေတာပါ ။

ဒုတိယပုံမှာက သဘာဝအတိုင်းမှည့်တဲ့ ငှက်ပျောသီးမို့ အသီးသာ အရောင်ဝင်းသွားပြီး အညှာက စိမ်းနေတာပါ။

ဒီလောက်ဆို ငှက်ပျောသီး ဆေးတို့ထားလား မတို့ထားလား လွယ်လွယ်ခွဲတတ်ကြမယ် ထင်ပါတယ်။ အညှာဆိုတာ အသီးအညှာလေးတွေကိုပဲ ဆိုလိုတာ မဟုတ်ပါဘူးနော် အခိုင်ရဲ့ အညှာတုပ်ကြီးကိုကြည့်ပါ ။ ဆေးဆွတ်ရင် အညှာအကြီးပါ ဝါနေတာကို ပြောတာပါ ။ ဆေးမဆွတ်တဲ့အသီးက အညှာကြီးက စိမ်းနေတာပါပဲ။

(မူရင်းရေးသားသူအား လေးစားမှုဖြင့်)