ဗယ်လင်တိုင်းနေ့မှာ ချစ်သူရည်းစား မရှိဘဲ တယောက်တည်း ဖြစ်နေလို့ စိတ်အား မငယ်ပါနဲ့
ရေ ၇ ခွက် သောက်ရုံနဲ့ ချစ်သူရည်းစား သေချာပေါက် ရနိုင်မယ့် နှစ် ၁၀၀၀ ရေတွင်းကြီး ရှိပါတယ်။
အဆိုပါ သက်တမ်း နှစ် ၁၀၀၀ ရေတွင်းကြီးဟာ ဗီယက်နမ်နိုင်ငံ ကျူလောချမ်ကျွန်းမှာ တည်ရှိတာ ဖြစ်ပါတယ်။
မိုးခေါင်ရေရှားတဲ့ နှစ်တွေမှာတောင် အဆိုပါ ရေတွင်းကြီးဟာ ခမ်းခြောက်မသွားဘဲ ရေအမြဲ ရှိနေတယ်လို့ သိရပါတယ်။
ယင်းရေတွင်းက ရေကို သောက်ရင် ကျန်းမာစေပြီး စိတ်ရွှင်လန်းစေတယ်လို့ သိရပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ အဆိုပါ ရေတွင်းကို သောက်ရင် ချစ်သူရည်းစား ရစေနိုင်တယ်လို့ နာမည်ကြီးတာပဲ ဖြစ်ပါတယ်။
အမျိုးသားများအနေနဲ့ ရေတွင်းက ရေကို ၇ ခွက်တိတိ သောက်ရင် ချစ်သူရည်းစားရနိုင်ပြီး
မိန်းကလေးတွေကတော့ ၉ ခွက်တိတိသောက်မှသာ ချစ်သူ ရရှိမှာ ဖြစ်ပါတယ်။ ပိုသောက်မရင်တော့ ချစ်သူရမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
အဆိုပါ ရေတွင်းကို ချမ်းလူမျိုးများက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ခန့်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး
ယခုအခါမှာတာ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတခု ဖြစ်တည်ရှိနေပြီ ဖြစ်ပါတယ်။
ချစ်သူရည်းစား မရသေးတဲ့သူတွေ ဗီယက်နမ်သွားဖို့ ပိုက်ဆံ စုထားသင့်ပြီနော်…