Knowledge

အရေးအကြောင်းတွေလျော့ပါးစေဖို့ နေ့စဉ်လိုက်နာသင့်တဲ့ နည်းလမ်း (၈)ခု

အသက်အရွယ် ရလာပြီဆိုတာနဲ့ အဓိက သိသာတာက မျက်လုံးတွေပါပဲ သင့်မျက်လုံးတစ်ဝိုက်မှာ

အရေးအကြောင်းတွေ တွေ့နေရပြီဆိုတာနဲ့ သင်ဘယ်လောက်ပင်ပန်းပြီး

အရွယ်ကျနေပြီလဲဆိုတာ ခန့်မှန်းလို့ရပါတယ် ဒါ့ကြောင့် ငယ်ရွယ်နုပျိုမှုကို ဆက်လက်ထိန်းထားဖို့အတွက် အရေးအကြောင်းတွေ မဖြစ်စေနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်

၁-ဆဲလ်သေ‌တွေ ဖယ်ရှားပါ

ငယ်ရွယ်နုပျိုမှုကို ဖော်ဆောင်ဖို့အတွက် ကျန်းမာလှပတဲ့ အသားအရေကို ရစေနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းက Exfoliateလုပ်ခြင်း

ဆဲလ်သေတွေ ဖယ်ရှားပေးခြင်း ဖြစ်တယ်လို့ Jonna Vergas Skincare ရဲ့ Founder ဖြစ်သူက ဆိုပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေဖယ်ရှားတဲ့ scrub မျိုး လုပ်ပေးမယ်ဆိုရင် skin careတွေက အသားထဲ အလွယ်တကူ စိမ့်ဝင်နိုင်တာကြောင့် ပိုပြီးသိသာတဲ့ အကျိုးဆက်ကို ရစေနိုင်ပါတယ်။

၂-ညင်သာစွာ ထိတွေ့ပါ

မျက်နှာဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေထက် ပိုပြီးနူးညံ့တာကြောင့် ညင်သာစွာ ထိတွေ့သင့်ပါတယ်

မျက်လုံးနားတဝိုက်ကို skincare လိမ်းတဲ့အခါ လက်ချောင်းလေးတွေနဲ့ အတွင်းဘက်ကနေ အပြင်ဘက်ကို ပုတ်ပြီး လိမ်းပေးပါ အရေပြားကို ဖိဆွဲတာမျိုး မလုပ်မိအောင် သတိပြုပါ။

၃- အေးမြနေပါစေ

မျက်နှာသစ်တဲ့အခါ ရေပူနဲ့ မသစ်ပါနဲ့ ရေပူက မျက်နှာကို ခြောက်သွေ့စေပြီး အစိုဓာတ်တွေလျော့ပါးစေသလို ယားယံတာမျိုးလည်း ဖြစ်တတ်ပါတယ်

အလှကုန်ပစ္စည်းတွေကို အေးတဲ့နေရာမှာ အေးတဲ့နေရာမှာ သိမ်းထားပေးပါ ဒီလိုလုပ်ခြင်းအားဖြင့် ပစ္စည်းတွေ ကြာရှည်ခံသလို အာနိသင် လျော့ပါးသွားတာမျိုးလည်း မရှိတော့ပါဘူး။

၎- ဟင်းသီးဟင်းရွက် စားသုံးပါ

Fatty acidsပြည့်ဝတဲ့ အစေ့၊ အဆံတွေ ၊ ဥနဲ့ ထောပတ်သီးတွေ စားသုံးသင့်သလို antioxidant ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံမျိုးစုံကိုလည်း စားသုံးပေးသင့်ပါတယ်။

အရောင်စုံ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်နဲ့အတူ တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက် သောက်သုံးပေးသင့်ပါတယ် ဒါ့အပြင် ဝိုင်နီကလည်း အသားအရေကို အထောက်အကူပြုတာကြောင့် သောက်သုံးပေးပါ။