ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က နေ့စဉ်ထုတ်ပြန်နေကျ ဈေးကွက်ဈေးနှုန်းဟာ ဒီနေ့မှာ အကယ်ဒမီ မီးလင်းရွှေ
တစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော် ဖြစ်လာတာ တွေ့ရပါတယ်။
ဒီနေ့ YGEA က ထုတ်ပြန်တဲ့ ဈေးကွက်ဈေးနှုန်းအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၃၁၁၁၈၀၀ ကျပ် အထိ ဖြစ်လာပြီး ကမ္ဘာ့ရွှေဈေး ၁၉၉၀ ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။
အရင်က YGEA က ထုတ်ပြန်တဲ့ရွှေဈေးဟာ ဗဟိုဘဏ်ရဲ့ သတ်မှတ်ငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့သာ တွက်ချက်ခဲ့ရာက ဒီလထဲမှာ ဗဟိုဘဏ် လေလံဈေး တစ်ဒေါ်လာ ၂၉၀၀ ကျပ်အထက်နဲ့
ပြောင်းလဲတွက်ချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း YGEA ရွှေဈေးကို ဘဏ်တွေအကြား ဗဟိုဘဏ်ရဲ့ အွန်လိုင်းဈေးကွက်ကနေ ရောင်းဝယ်ကြတဲ့ နိုင်ငံခြားငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာ ၂၉၃၇ ကျပ်ဝန်းကျင်နဲ့ တွက်ချက်တာဖြစ်တယ်လို့ ဆိုပါတယ်
YGEA ရဲ့ ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်အထိ ဖြစ်လာပေမဲ့ ဒီနေ့ ပြင်ပရွှေဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ရွှေဈေး ၃၄၃၅၀၀၀ ကျပ်ဝန်းကျင်နဲ့ ယှဉ်ရင် ကျပ် သုံးသိန်းကျော် ကွာဟနေဆဲ ဖြစ်ပါတယ်။ YGEA