Knowledge

SMOOTH ဖြစ်နေတဲ့ အသားအရေကိုပိုင်ဆိုင်စေဖို့ နိုင်ငံတကာက အသားအရေ ထိန်းသိမ်းနည်း

smooth ဖြစ်နေတဲ့ အသားအရေကို ပိုင်ဆိုင်စေဖို့ နိုင်ငံတကာက အသားအရေ ထိန်းသိမ်းနည်း

ပြင်သစ်နိုင်ငံအသုံးပြုနည်း

ရေခဲ – ရေခဲတုံးဖြင့် မျက်နှာကို ညင်ညင်သာသာပွတ်တိုက်ပေးပါ။ ဒါဟာ ရိုးရှင်းတဲ့ကုသနည်းတစ်မျိုးဖြစ်ပြီး သွေးလည်ပတ်မှုစနစ်ကိုလှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် သင့်အတွက် ကျန်းမာသန်စွမ်းတဲ့ အသားအရေကို ရရှိစေပါတယ်။

အပူ အအေး ပြောင်းကပ်ပေးခြင်း – ကျန်းမာတဲ့ အသားအရေကို ရရှိစေပြီး သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ အရေပြား ကျုံ့နိုင် ချဲ့နိုင်စွမ်းကို ပိုမိုတိုးတက်ပြီး အသားအရေစိုပြေစေပါတယ်။

ဒါကတော့ ရိုးရှင်းတဲ့နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ ရေနွေးထဲကို ပျော့ပျောင်းတဲ့ မျက်နှာသုတ်ပုဝါစကို နှစ်ပြီးသင့်မျက်နှာပေါ် အုပ်ထားပေးပါ။ ပြီးလျှင် ရေအေးထဲသို့ ထိုပုဝါစကို နှစ်ပြီး ထိုကဲ့သို့ တဖန်ပြန်လုပ်ပါ။ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ အသုံးပြုနိုင်ပါတယ်။ ရောင်ရမ်းမှုကို လျော့ချဖို့အတွက် သံပုရာရည်အသုံးပြုခြင်း – မျက်နှာပေါ်က ဝက်ခြံတွေ ရောင်ရမ်းခြင်းဖြစ်တဲ့အခါ ထိုနေရာပေါ်မှာ သံပုရာရည် တို့ ထားပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။

ချီလီနိုင်ငံအသုံးပြုနည်း

ချီလီအမျိုးသမီးတွေ တောက်ပတဲ့ အသားအရေတွေ ပိုင်ဆိုင်တာဟာ အနီရောင်စပျစ်သီးမှာပါဝင်တဲ့ Antioxidants ကြောင့်လို့ ဆိုပါတယ်။ သူတို့ဟာ ဂျုံမှုန့် ၂ဇွန်းနဲ့ အနီးရောင်စပျစ်သီးဖျော်ရည်ကို ရောစပ်ပြီး မျက်နှာပေါ်မှာ လိမ်းခြယ်ကြပါတယ်။ ၁၀မိနစ်လောက် အချိန်ကြာတဲ့အခါ မျက်နှာပေါ်က ခွာပြီး သန့်စင်ပေးလိုက်ပါတယ်။ ဒီနည်းလမ်းကို နံနက်ပိုင်းမှာ အသုံးပြုတာက အသားအရေအတွက် ပိုပြီး ကောင်းမွန်းပါတယ်။

ဆွီဒင်နိုင်ငံ အသုံးပြုနည်း

ဆွီဒင်နိုင်ငံသူ၊ နိုင်ငံသားတွေကတော့ ကျန်းမာတဲ့အစားအစာကို ပိုမိုစားသုံးဖြစ်ပါတယ်။ အလှအပနဲ့ အသားအရေကိုပိုမိုဂရုစိုက်သူတွေကတော့ Antioxidants ဓာတ်မြင့်မားတဲ့ အသားငါး နဲ့ အသီးအနှံတွေကို ပိုမိုစားသုံးကြပါတယ်။ ဒါ့အပြင် ချွေးပေါင်းအိမ်ဖြင့် ကုနည်းကိုလည်း အသုံးပြုကြပါတယ်။ ချွေးပေါင်းအိမ်ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်တွေကို ဖယ်ရှားတဲ့နေရာမှာ အရမ်းကို ထိရောက်တဲ့နည်းလမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အသုံးပြုနည်း

ဂျပန်နိုင်ငံဟာ ဆန်ကို အဓိကထားပြီး အသားအရေအတွက် အသုံးပြုကြပါတယ်။ မျက်နှာကို ဆန်ဆေးရေဖြင့်ဆေးကြောပေးခြင်းဟာ ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး အသားအရေကို ချောမွေ့စေပါတယ်။ နောက်တစ်နည်းကတော့ ဆန်ကို ကြိတ်စက်ထဲမှာထည့်ပြီး အမှုန့် ဖြစ်အောင်ကြိတ်ပေးပါ။ ရရှိလာတဲ့ ဆန်မှုန့်ကို ရေနွေး အနည်းငယ်၊ ဒိန်ချဉ်အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးပါ။ ရရှိလာတဲ့ အရောအနှောကို အသားအရေထဲ စိမ့်ဝင်အောင် လက်ချောင်းလေးဖြင့် နှိပ်နယ်ပြီး သုတ်လိမ်းပေးပါ။ ပြီးမှ သင့်မျက်နှာကို သန့်စင်ပေးလိုက်ပါ။

နေ့စဉ်နှိပ်ပေးပါ – နှိပ်ပေးခြင်းဟာ အရေပြား ကျုံ့နိုင် ချဲ့နိုင်စွမ်းကို တိုးတက်စေပြီး အောက်စီဂျင်လည်ပတ်မှုရှိအောင် ကူညီပေးပါတယ်။ နှိပ်တဲ့အခါ အဆီတစ်မျိုးမျိုး သို့မဟုတ် ခရင်မ် တစ်ခုခုကို အသုံးပြုပြီး သင့်မျက်နှာက်ပတ်ပတ်လည်ကို နှိပ်နယ်ပေးလိုက်ပါ။ အသားအရေပေါ်မူတည်ပြီး အသုံးပြုသင့်တဲ့ ခရင်မ်/ဆီ ကို ရွေချယ်အသုံးပြုပေးပါ။

ဘရာဇီးနိုင်ငံအသုံးပြုနည်း

ဘရာဇီးနိုင်ငံကတော့ အသားအရေအတွက် မုန်လာဥနီဖျော်ရည်ကို အသုံးပြုကြပါတယ်။ မုန်လာဥနီဟာ အသားအရေအတွက် အလွန်ကောင်းမွန်တဲ့ အိမ်တွင်းဆေးတစ်လတ်လည်းဖြစ်ပါတယ်။ လတ်ဆတ်တဲ့ မုန်လာဥနီကို ဖျော်ရည်ဟာ သင့်ခန္ဓာကိုယ်ပေါ်က ဝက်ခြံနဲ့ အနားတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ ဘရာဇီးမှာတော့ မုန်လာဥနီနဲ့ ထုတ်လုပ်ထားတဲ့ beta-carotene ဆိုတဲ့ ဆေးကိုအမြဲသုံးစွဲကြပါတယ်။

စပိန်နိုင်ငံအသုံးပြုနည်း

စပိန်နိုင်ငံက အမျိုးသမီးတွေဟာ မျက်ကွင်းနေရာတစ်ဝှိုက် အညိုအမဲတွေဖြစ်တာ၊ မျက်ကွင်းတွေညိုတဲ့အခါ အာလူးကို အသုံးပြုကြပါတယ်။ အာလူးကို ခပ်ပါးပါးလေးလှီးပြီး အညိုအကွက်တွေဖြစ်နေတာ မျက်ကွင်းနေရာတစ်ဝှိုက်မှာ ၁၀မိနစ်လောက်ကပ်ထားပေးလိုက်ပါ။ အမြန်ဆုံးမျက်ကွင်းညိုမဲခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ကိုရီယားနိုင်ငံအသုံးပြုနည်း

ကိုရီယားနိုင်ငံမှာ အသားအရေကို ကုသရာမှာ လူကြိုက်များကုထုံးကတော့ ခရုကိုယ်မှထွက်သော အချွဲအကျိ ပဲဖြစ်ပါတယ်။ ခရုကိုယ်မှထွက်တဲ့ အချွဲအကျိဟာ အသားအရေအတွက်အလွန်ကောင်းမွန်ပြီး ကော်လဂျင်နဲ့ Elastin တို့ကို ထုတ်လုပ်ပေးပါတယ်။ နောက်တစ်နည်းကတော့ အဆီပဲဖြစ်ပါတယ်။ အသားအရေချောမွေ့ပြီး စိုပြေစေဖို့အတွက် အုန်ဆီ သို့မဟုတ် Argan ဆီကို မျက်နှာပေါ်သုတ်လိမ်းတတ်ကြပါတယ်။

အိန္ဒိယနိုင်ငံအသုံးပြုနည်း

အိန္ဒိယနိုင်ငံကတော့ ပျားရည်နဲ့ သံပုရာသီးကို အလေးထားပြီး အသုံးပြုကြပါတယ်။ ပျားရေဟာ အသားအရေကို ချောမွေ့စေပြီး သံပုရာသီးကတော့ ဝက်ခြံအဖုအပိတ်တွေကို လျော့နည်းစေပါတယ်။ သေးငယ်တဲ့ ပန်းကန်တစ်လုံးထဲကို သံပုရာရည် ၁ဇွန်း၊ ပျားရည် ၁ဇွန်း ထည့်ပြီး သင့်မျက်နှာပေါ်မှာ မိနစ် ၂၀-၃၀ လောက်ထားထားပေးပါ။ ပြီးမှ ရေဖြင့် စင်ကြယ်အောင်သန့်စင်ပေးပါ။

ရုရှားနိုင်ငံအသုံးပြုနည်း

ရုရှားနိုင်ငံက အမျိုးသမီးတွေဟာ အုတ်ဂျုံကို အသားအရေအတွက် အသုံးပြုကြပါတယ်။ အုတ်ဂျုံကို မျက်နှာပေါ်သို့ ပွတ်တိုက်ပေးခြင်းဖြင့် ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ ဒါ့အပြင် အုတ်ဂျုံ၊ ပျားရည်၊ ဗာဒံသီးဆီ/ သံလွင်ဆီ/ အုန်းဆီ တစ်ခုခုဖြင့် ရောစပ်ပြီး သင့်မျက်နှာပေါ်မှာ ပွတ်တိုက်ပေးပါ။ အချိန်အနည်းငယ်ကြာမှ ရေဖြင့် သန့်စင်ပေးလိုက်ပါ။