ကလေးအဖျားတက်တာ..ကိုယ်အရမ်းပူတာ( အပူကြီးတာအတွက်ပါ)
ဆေးခန်းမသွားခင် မီးဖိုချောင်မှာ ရှိတဲ့အရာတွေနဲ့ အိမ်မှာလုပ်လို့ရတဲ့ နည်းလမ်းရှိပါတယ်။ ကြိုးစားပါ ၊ တတ်နိုင်သလောက်လုပ်ပါ အရှုံးမပေးနဲ့ ..
ကြက်ဥပြုတ်
ကြက်ဥကို ကျက်အောင်ပြုတ်ပြီးအခွံနွှာပြီး အဝတ်စနဲ့ထုပ်ပြီး ကလေးရဲ့ခန္ဓာကိုယ်ပေါ်မှာ လှိမ့်ပါ ရင်ဘတ်၊ ခေါင်း၊ ဗိုက်ပေါ်၊ခြေထောက်ပေါ်၊ တစ်ကိုယ်လုံးပေါ်။
ပထမတော့ ပူတယ်၊ အဝတ်နဲ့အရင်ထုပ်တယ်။ နွေးလာတဲ့အခါ အဝတ်ကို ဖယ်ပြီး လှိမ့်ပေးလို့ ရပါတယ်..( လှိမ့်ရင်းနဲ့လည်း ထုံးစံအတိုင်းဘုရားဆေး တရားဆေး ပေါ့နော်..ဘုရားစာလေးလည်းရွတ်ပေါ့)
အထဲမှာ ကြက်ဥအဝါရောင်ကပုံသဏ္ဍာန်ပြောင်းသွားတာကိုတွေ့လိုက်ရတယ်..ဘာကြောင့် .ကြက်ဥပြောင်းသွားတာလားမသိဘူး.
တစ်နေ့ ၂ ကြိမ် လုပ်နိုင်ပါတယ်.. ပူနေတဲ့ ကလေးရဲ့ ခန္ဓာကိုယ်ပေါ် လူးချင်ရင် ဥပမာ ခေါင်းပူတယ်.. ကြက်ဥကို ခေါင်းပေါ် လှိမ့်ပေးရုံပါပဲ။
တကယ်တော့ ဒါက တရုတ်ဆေးပညာရဲ့ အလေ့အကျင့်ပါပဲ၊ ဒါပေမယ့် လတ်တလော အခက်ခဲ ဖြစ်နေချိန်လေး လုပ်ကြည့်လိုက်လို့ အဆင်ပြေတော့လည်း… အဆင်ပြေတာပေါ့
အဆင်ပြေကြပါစေ