Knowledge

မျက်နှာသစ်တဲ့အခါ လုံးဝ မလုပ်သင့်တဲ့အချက်

မျက်နှာသစ်တဲ့အခါ မှားယွင်းစွာ လုပ်မိတတ်တဲ့ အချက်များစွာ ရှိပါတယ်။

သာဓကအနေနဲ့ ဆပ်ပြာခဲ အသုံးမပြုသင့်တာ သို့မဟုတ် ကြမ်းထော်တဲ့ ပုဝါတွေ အရမ်း မသုံးသင့်တာတွေ ဖြစ်ပါတယ်

သို့ပေမယ့်လို့ အဲဒီအရာတွေ အားလုံးထဲမှာ အရေးကြီးဆုံးအချက်တစ်ချက်ရှိပါတယ်။

မျက်နှာသစ်ဖို့ သုံးတဲ့ ရေရဲ့ အပူချိန်ဟာ မိမိအသားရေ ထိန်းသိမ်းမှုပြုလုပ်ရာမှာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။

ရေ ပူလွန်းပါက အရေပြား ထိခိုက်စေခြင်းနဲ့ အပူလောင်ခြင်း သို့မဟုတ် ရေပြားပေါ် အနီကွက်ထခြင်း အန္တရာယ်တွေ ပိုဖြစ်စေပါတယ်။

ဒါပေမယ့် အရမ်းအေးလွန်းပြန်ရင်လည်း မျက်နှာပေါ်က ဆံခြည်မျှင်သွေးကြောလေးတွေ ပြတ်တောက်စေတတ်ပါတယ်။

ဒါ့အပြင် ရေနွေး သို့မဟုတ် ရေအေး အသုံးပြုခြင်းက မျက်နှာခြောက်သွေ့မှု ဖြစ်ပေါ်စေနိုင်ပါတယ်။

အကောင်းဆုံးက မျက်နှာသစ်တဲ့အခါ နွေးရုံလေးသာရှိတဲ့ ရေကို အသုံးပြုတာ အကောင်းဆုံး ဖြစ်ပါတယ်။

အသားရေ ပျက်စီးမှု၊ ခြောက်သွေ့မှုတွေ အန္တရာယ်လည်း ကင်းရှင်းပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *