နိုဝင်ဘာ ၁၁၊ ၂၀၂၃ (စနေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3260 – 3300
ဥရောပယူရို 3410 – 3520
ဗြိတိသျှစတာလင်ပေါင် 3900 – 4030
သြစတြေးလျဒေါ်လာ 2040 – 2100
ဂျပန်ယန်း 21.10 – 21.70
တောင်ကိုရီးယားဝမ် 2.45 – 2.50
အိန္ဒိယရူပီး 38.30 – 39.60
စင်ကာပူဒေါ်လာ 2360 – 2420
မလေးရှားရင်းဂစ် 680 – 700
တရုတ်ယွမ် 440 – 450
ထိုင်းဘတ် 89.80 – 91.80
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3480,000 – 3490,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3290,000 ကျပ်ခန့် ရှိနေသည်
ကမ္ဘာ့ရွှေဈေး ထိုးကျသော်လည်း မြန်မာ့ရွှေဈေး အနည်းငယ်သာ ကျဆင်းသည်။ ယမန်နေ့ (သောကြာနေ့) က ရွှေဈေးသည် ကျပ် 3510,000 ဝန်းကျင် ဖြင့် စဖွင့်ပြီး နောက်ပိုင်းတွင် 3490,000 – 3510,000 ပတ်လည်၌ ရှိခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3030,500 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1938 ဒေါ်လာခန့် ဖြစ်သည်။