နိုဝင်ဘာ ၁၂၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး
အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3260 – 3320
ဥရောပယူရို 3430 – 3550
ဗြိတိသျှစတာလင်ပေါင် 3920 – 4050
သြစတြေးလျဒေါ်လာ 2040 – 2100
ဂျပန်ယန်း 21.20 – 21.80
တောင်ကိုရီးယားဝမ် 2.45 – 2.50
အိန္ဒိယရူပီး 38.50 – 39.75
စင်ကာပူဒေါ်လာ 2370 – 2440
မလေးရှားရင်းဂစ် 680 – 700
တရုတ်ယွမ် 440 – 455
ထိုင်းဘတ် 90.20 – 92.25
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3490,000 – 3500,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3290,000 ကျပ်ခန့် ရှိနေသည်။
ကမ္ဘာ့ရွှေဈေး ထိုးကျသော်လည်း မြန်မာ့ရွှေဈေး သိပ်မကျဘဲ ငြိမ်နေသည်။ ယမန်နေ့ (စနေနေ့) က ရွှေဈေးသည် ကျပ် 3480,000 နှင့် 3500,000 ကြားတွင် အတက်အကျ ဖြစ်ပေါ်ခဲ့သည်။
ယနေ့သည် တနင်္ဂနွေနေ့နှင့် ဒီဝါလီနေ့ ဖြစ်သောကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က ဈေး ထုတ်ပြန်ခြင်း မရှိပါ။ ကမ္ဘာ့ရွှေ အပိတ်ဈေးမှာ တစ်အောင်စလျှင် 1938 ဒေါ်လာ ဖြစ်သည်။