နိုဝင်ဘာ ၁၇၊ ၂၀၂၃ (သောကြာနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3410 – 3490
ဥရောပယူရို 3660 – 3760
ဗြိတိသျှစတာလင်ပေါင် 4150 – 4260
သြစတြေးလျဒေါ်လာ 2160 – 2220
ဂျပန်ယန်း 22.30 – 22.90
တောင်ကိုရီးယားဝမ် 2.60 – 2.65
အိန္ဒိယရူပီး 40.30 – 41.30
စင်ကာပူဒေါ်လာ 2490 – 2550
မလေးရှားရင်းဂစ် 720 – 750
တရုတ်ယွမ် 465 – 480
ထိုင်းဘတ် 95.70 – 98.60
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3760,000 – 3790,000 ဝန်းကျင် ရှိမည်ဟူ၍ အမျိုးမျိုး ဖော်ပြနေကြသည်။ (အတည်မပြုနိုင်သော ခန့်မှန်းဈေး ဖြစ်သည်)
သက်ဆိုင်ရာတာဝန်ရှိသူများက ရွှေဈေး ကျစေရန် ညွှန်ကြားထားသည့်အတွက် ယနေ့တွင် ရွှေဈေး ဖွင့်သူ၊ ရွှေကို ဈေးဆွဲတင်၊ ဆွဲချ လုပ်ပြီး ဈေးကစားသူများ၊ ကောလာဟလ လွှင့်၍ ရွှေဈေး တက်အောင် လုပ်သူများကို ထိရောက်စွာ ဖော်ထုတ် အရေးယူမည်ဟု ရန်ကုန်ရွှေအသင်း YGEA က ထုတ်ပြန်ထားသည်
ယမန်နေ့ (ကြာသပတေးနေ့) က ရွှေဈေးသည် ကျပ် 3680,000 နှင့် စဖွင့်ပြီးနောက် ကျပ် 3700,000 ကျပ်အထက်သို့ မြင့်တက်ကာ ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3112,400 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1985 ဒေါ်လာခန့် ဖြစ်သည်။