နိုဝင်ဘာ ၁၈၊ ၂၀၂၃ (စနေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး
အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3490 – 3540
ဥရောပယူရို 3720 – 3820
ဗြိတိသျှစတာလင်ပေါင် 4220 – 4350
သြစတြေးလျဒေါ်လာ 2210 – 2270
ဂျပန်ယန်း 22.80 – 23.50
တောင်ကိုရီးယားဝမ် 2.65 – 2.75
အိန္ဒိယရူပီး 41.30 – 42.30
စင်ကာပူဒေါ်လာ 2540 – 2630
မလေးရှားရင်းဂစ် 730 – 760
တရုတ်ယွမ် 480 – 490
ထိုင်းဘတ် 97.60 – 100.50
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3740,000 – 3750,000 ကျပ်ဝန်းကျင်ဖြင့် ဈေးစဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် ကျပ် 37 သိန်းပတ်လည်အထိ ပြန်ကျလာသည်
၁၅ ပဲရည် ရွှေဈေးသည် ကျပ် 35 သိန်းပတ်လည်တွင် ရှိနေသည်။ ကမ္ဘာ့ရွှေဈေး နှစ်ပတ်တာ အမြင့်ဆုံးကို ရောက်လာခဲ့ပြီး ပြည်တွင်းရွှေဈေးလည်း အမြင့်တန်းတွင် ဆက်ရှိနေသည်။
ယမန်နေ့ (သောကြာနေ့) က ရွှေဈေး ဆွဲတင်ဈေးကစားသူများကို အရေးယူမည်ဟု ထုတ်ပြန်ခဲ့ခြင်းကြောင့် ရွှေဈေးသည် ကျပ် 3730,000 မှ 3790,000 အထိ ဈေးအမျိုးမျိုး ဖြစ်ပေါ်ခဲ့သည်။ (ယခုသတင်းကို Current Content က တင်ပြတာ ဖြစ်ပြီး ပြန်ကူးတင်ခွင့် မပြုပါ)
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3106,200 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1981 ဒေါ်လာခန့် ဖြစ်သည်။
ယမန်နေ့က YGEA သည် ကောလာဟလလွှင့်၍ ရွှေဈေး ကစားသူများကို အရေးယူမည်ဟု ထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများကလည်း ရွှေဈေး ကျစေရန် ညွှန်ကြားထားကြောင်း သိရသည်။