News

ယနေ့ တနင်္ဂနွေနေ့(၁၉.၁၁.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၁၉၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3470 – 3520
ဥရောပယူရို 3670 – 3790

ဗြိတိသျှစတာလင်ပေါင် 4150 – 4290
သြစတြေးလျဒေါ်လာ 2180 – 2270

ဂျပန်ယန်း 22.40 – 23.50

တောင်ကိုရီးယားဝမ် 2.60 – 2.70
အိန္ဒိယရူပီး 40.60 – 41.70
စင်ကာပူဒေါ်လာ 2500 – 2580

မလေးရှားရင်းဂစ် 725 – 750
တရုတ်ယွမ် 465 – 490
ထိုင်းဘတ် 97.60 – 98.80

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3720,000 – 3760,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3540,000 ကျပ်ခန့် ရှိနေသည်။ (ကြားသိရသလောက် ခန့်မှန်းဈေးသာ ဖြစ်ပါသည်)

ပြီးခဲ့သော တစ်ပတ်တာအတွင်း ကမ္ဘာ့ရွှေဈေးသည် နှစ်ပတ်တာ အမြင့်ဆုံးကို ရောက်ခဲ့ပြီး လေးပတ်အတွင်း ပထမအကြိမ် ပြန်တက်လာသဖြင့် မြန်မာ့ရွှေဈေးအပေါ် လွှမ်းမိုးမှု ရှိခဲ့သည်။ ယမန်နေ့ (စနေနေ့) က ရန်ကုန် ပြင်ပရွှေဈေးသည် ကျပ် 37 သိန်းခွဲဖြင့် စဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် 37 သိန်းနားသို့ ပြန်ကျခဲ့သည်

ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ဈေးကွက်ဈေးနှုန်း ထုတ်ပြန်ခြင်း မရှိပါ။ ပြီးခဲ့သောအပတ်က ရွှေဈေး အလျင်အမြန် ခုန်တက်ခဲ့သည့်အတွက် ဈေးကစားသူများကို ဖော်ထုတ် အရေးယူမည်ဟု YGEA က အသိပေးကြေညာခဲ့သည်။