News

မြန်မာနိုင်ငံမှာ ဘယ်သောအခါမှ Miss Grand Internationalပွဲ မရှိတော့ကြောင်း ထူးအံ့လွင် ပြောပီ

Miss Grand International ရဲ့ မြန်မာနိုင်ငံ ND ဖြစ်သူ ထူးအံ့လွင်က မြန်မာနိုင်ငံမှာ ဘယ်

သောအခါမှ ယခုနာမည်နဲ့ ပွဲ မရှိတော့ကြောင်း

Live မှာပြောကြားလိုက်ပါတယ်။ Miss Popular Vote နဲ့ Country Power ဆုတွေ သဲစုငြိမ်း မ

ရခဲ့ခြင်းဟာ ရိုးသားခြင်းမရှိတဲ့ ပွဲရဲ့လုပ်ရပ်တွေဖြစ်ကြောင်း သူက ပြောခဲ့ပါတယ်။

သူ့အနေနဲ့ သဲစုငြိမ်းကို Group မှာတိုက်ခိုက်နေကြတာတွေကို အများကြီးသည်းခံခဲ့ကြောင်းနဲ့ ဒီနေ့ညမှာတော့ အဲ့သည်းခံမှုတွေကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်းပြောပါတယ်။

ယခု Crown ကိုလည်း မြန်မာနိုင်ငံသို့ သယ်လာမှာ မဟုတ်သလို သဲသဲကိုလည်း ထို အဘိုးကြီးနားကို ၁ လ ထားခဲ့စရာ အကြောင်းမရှိတော့ဘူးလို့ ထူးအံ့လွင်က အပြတ်ပြောခဲ့တာပါ။

မီဒီယာတွေ နဲ့ တွေ့နေကြချိန်မှာ ထူးအံ့လွင်က သဲသဲရဲ့ ခေါင်းပေါ်က Crown ကို ဆွဲယူပစ်ခဲ့သလို Lazada က 600 B တန် Crown လောက်ပဲ တန်ဖိုးရှိကြောင်းပါ ပြောခဲ့တာပါ။