News

ယနေ့ တနင်္လာနေ့(၂၀.၁၁.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၂၀၊ ၂၀၂၃ (တနင်္လာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 3420 – 3510
ဥရောပယူရို 3660 – 3750
ဗြိတိသျှစတာလင်ပေါင် 4140 – 4280

သြစတြေးလျဒေါ်လာ 2170 – 2260
ဂျပန်ယန်း 22.30 – 23.20

တောင်ကိုရီးယားဝမ် 2.60 – 2.70
အိန္ဒိယရူပီး 40.10 – 41.60
စင်ကာပူဒေါ်လာ 2480 – 2580

မလေးရှားရင်းဂစ် 710 – 740
တရုတ်ယွမ် 465 – 485
ထိုင်းဘတ် 95.60 – 98.50

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3650,000 – 3660,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3450,000 ကျပ်ခန့် ရှိနေသည်။ (အစောပိုင်း ကြားရသောဈေး ဖြစ်သည်)

ယမန်နေ့ (တနင်္ဂနွေနေ့) က ရန်ကုန် ပြင်ပရွှေဈေးသည် ကျပ် 37 သိန်းခွဲဖြင့် အရောင်းဖွင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရောင်းအား များလာ၍ 37 သိန်းအောက်အထိ ပြန်ကျသွားခဲ့သည်ဟု သိရသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3107,700 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1982 ဒေါ်လာခန့် ဖြစ်သည်။

YGEA သည် ကောလာဟလလွှင့်၍ ရွှေဈေး ကစားသူများကို အရေးယူမည်ဟု ယခင်အပတ်က ထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများကလည်း ရွှေဈေး ကျစေရန် ညွှန်ကြားထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *