News

ယနေ့ အင်္ဂါနေ့(၂၁.၁၁.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၂၁၊ ၂၀၂၃ (အင်္ဂါနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး

အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 3420 – 3490
ဥရောပယူရို 3660 – 3760
ဗြိတိသျှစတာလင်ပေါင် 4180 – 4290

သြစတြေးလျဒေါ်လာ 2190 – 2270
ဂျပန်ယန်း 22.60 – 23.40

တောင်ကိုရီးယားဝမ် 2.60 – 2.70
အိန္ဒိယရူပီး 40.10 – 41.50
စင်ကာပူဒေါ်လာ 2510 – 2590

မလေးရှားရင်းဂစ် 715 – 745
တရုတ်ယွမ် 470 – 485
ထိုင်းဘတ် 96.00 – 98.50

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3610,000 – 3620,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3410,000 ကျပ်ခန့် ရှိနေသည်။

ယမန်နေ့ (တနင်္လာနေ့) က ရန်ကုန် ပြင်ပရွှေဈေးသည် ကျပ် 3650,000 – 3670,000 ဖြင့် စဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ် 36 သိန်းဈေးတန်းအောက် ကျပြီး ကျပ် 3590,0000 သာ ရှိတော့သည်ဟု သိရသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3121,800 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1991 ဒေါ်လာခန့် ဖြစ်သည်။

YGEA သည် ကောလာဟလလွှင့်၍ ရွှေဈေး ကစားသူများကို အရေးယူမည်ဟု ယခင်အပတ်က ထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများကလည်း ရွှေဈေး ကျစေရန် ညွှန်ကြားထားကြောင်း သိရသည်။